ပင်လတ်မျိုး ဖြစ်သည်။ အရွက်၏ အရောင် ပြောင်လက်၏။ အကိုင်း အခက် များစွာ ဖြာ၏။ ပင်စည်ပေါ်တွင် အညိုရောင် အစက် အပြောက်များ ရှိ၏။ အခေါက်ထူ၍ ကြမ်းတမ်း၏။ အကိုင်း လေးထောင့်ပုံ ရှိပြီး ၂ ထောင့်တွင် အမြောင်းပါသည်။ အရွက်သည် ရွက်ဆိုင် အလှည့်ကျ ထွက်သည်။ အရွက်ကြီး၏ အလျား ၆ လက်မခန့်၊ ၁ ပေခန့် ရှိသည်။ ရွက်ရင်းသွယ်၍ ရွက်ထိပ်ချွန်သည်။ အရွက် အလယ်ပိုင်း ကျယ်သည်။ အရွက်၏ ထက်အောက် မျက်နှာပြင် နှစ်ခုလုံး ပြောင်ချော၏။ ရွက်ကြော ထင်ရှားသည်။ ရွက်နားချော၍ လှိုင်းတွန့် အနည်းငယ် ရှိ၏။ ရွက်ညှာ တိုတုတ်၏။ နှလုံး ပုံသဏ္ဍာန် ရွက်စွယ်နှစ်ခု ပါရှိ၏။ အပွင့်သည် အလွန် သေးငယ်သော အဖြူရောင် အပွင့်ဖြစ်၏။ အနံ့မွှေး၏။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်စုပြုံ၍ ထွက်၏။ ပန်းခိုင်သည် အရွက်၏ အနား တစ်ဖက်မှ ထွက်သည်။ ပွင့်ညှာ တိုသည်။ အသီးသည် အချင်း ၂ လက်မခန့် ရှိသည်။ ရှည်မျောမျောပုံ ဖြစ်သည်။ အသီး မျက်နှာပြင် ပေါ်ရှိ ဗဟုဂံ အကွက် ကလေးများတွင် ပန်းပွင့် အရာများ မျက်စိသဖွယ် ကျန်နေသည်။
|
0 comments:
Post a Comment
အေးမေတ္တာ
တိုင်းရင်း ဆေးဆိုင်
ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။