Sunday, November 24, 2013

ဂရိတ်ဖရု


ဂရိတ်ဖရု
Botanical Name:Citrus paradisi
Myanmar Name:ဂရိတ်ဖရု
English Name:Grape Fruit
Family:RUTAEAE
Distribution:
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် များနှင့် မြန်မာပြည် အောက်ပိုင်း ဒေသ များတွင် စိုက်ပျိုး ပေါက်ရောက်သည်။
Appearance:
အမြဲ စိမ်းလန်းသော ပင်လတ်မျိုး၊ မြင့်၏။ မြေပြန့်နှင့် တောင်ပေါ်၌လည်း စိုက်ပျိုး ရ၏။ အကိုင်း အခက် များသည် တစ်ပင်လုံး၌ ချွန်ထက်သော ဆူးများ ရှိသည်။ ၁၀ ပေမှ ၁၅ ပေအထိ မြင့်သည်။ ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ ရှိပြီး ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ပြား ထူ၍ ချောသည်။ အပွင့်သည် သေးငယ်သည်။ အဖြူရောင် ရှိပြီး သင်ပျံ့သော ရနံ့ ရှိ၏။ အသီးမှာ လုံးဝိုင်းသော ပုံသဏ္ဍာန် ရှိသည်။ အသီးမှည့်က အ၀ါရောင် ရှိပြီး အရသာမှာ ချို၊ ချဉ်၊ ခါး အရသာ ရှိသည်။
Useful Part:အသီး၊ အရွက်၊ အစေ့။
Usage:
အသည်း ရောဂါ အမျိုးမျိုး အတွက် သဘာဝ ဆေးကောင်း တစ်လက် ဖြစ်သည်။ အသီးမှည့်ကို ၎င်း အတိုင်း ဖြစ်စေ ဖျော်ရည် ပြုလုပ်၍ ဖြစ်စေ သောက်သုံးနိုင်သည်။ အဆီကျစေရန် အတွက် ကျွဲကောသီး စားသကဲ့သို့ အမွှာများ သင်၍ စားရန်ဖြစ်၏။ ဆီးရောဂါ အမျိုးမျိုး အတွက် ဖျော်ရည် အဖြစ် သောက်သုံး နိုင်၏။ သွေးတိုးရောဂါ၊ နှလုံး ရောဂါများ အတွက် အထူး သင့်တော်သော အသီးကောင်း တစ်မျိုး ဖြစ်ပါသည်။ ခုခံအား ကောင်းလာရန်နှင့် အသား စိုပြေရန် စားသုံးသင့်သည်။ အရွက်ကို ၀က်ရူးရောဂါ၊ အတက် ရောဂါနှင့် ချောင်းဆိုး ရောဂါတွင် အသုံးပြုလေ့ ရှိကြသည်။ ဂရိတ်ဖရုသီး အစေ့ကို Lunbago ခေါ် ခါးနာ ရောဂါတွင် ဆေးဝါး အဖြစ် ဖော်စပ် အသုံးပြုနိုင်သည်။ အသီးမှည့်ကို သန်တုပ် ရောဂါ၊ သည်းခြေ ရောဂါ၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မျက်စိ နာခြင်းတို့ကို ကုသရာတွင် အသုံးပြုသည်။ ဂရိတ်ဖရုသီးကို အာယုဗ္ဗေဒ ဆေးပညာတွင် အရေပြား ရောဂါ (အနာကြီး)၊ ပန်းနာ၊ ချောင်းဆိုး၊ ကြို့ထိုး၊ ၀က်ရူး ရောဂါနှင့် အတက်ရောဂါတို့ ကုသရာတွင် ဆေးဝါးအဖြစ် ဖော်စပ် အသုံးပြုကြသည်။

0 comments:

Post a Comment

အေးမေတ္တာ
တိုင်းရင်း ဆေးဆိုင်
ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။