ရွက်ကြွေ ပင်လတ်မျိုး ဖြစ်ပြီး ပေ ၃၀ ကျော် အထိ မြင့်၏။ အကိုင်း အညွန့် များပေါ်တွင် အဖြူစင်းများ ရှိ၍ ပင်စည် အခေါက်မှာ မီးခိုးရောင် ရှိ၏။ အတွင်းသားမှာ မာဆက်ပြီး အ၀ါရောင် ရှိသည်။ ရင့်သောအခါ အညိုရောင်သို့ ပြောင်းသွားသည်။ ၃ ရွက်မြွှာပေါင်း ဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်၍ ရွက်မြွှာများမှာ ၃ ပေမှ ၆ ပေထိ ရှည်သည်။ ရွက်ပြား၏။ ကျောဖက်တွင် ရွက်ကြောများ ထင်ရှားစွာ ရှိသည်။ ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်နား ညီပြီး ရွက်ပြား ချောသည်။အပွင့်သည် အချင်း ၂ လက်မမှ ၃ လက်မ ရှိသည်။ အပွင့် ကြီးမားပြီး အ၀ါနုရောင် ရှိ၍ အမြောက် အများ ပွင့်သည်။ အသီးမှာလည်း အ၀ါရောင် ရှိသည်။ အချင်း ၁ လက်မမှ ၂ လက်မ ရှိ၍ ဘဲဥ သို့ လုံးဝိုင်းသည်။ အသား ထူသည်။ အခွံ မာ၍ ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များ ပါရှိသည်။
|
0 comments:
Post a Comment
အေးမေတ္တာ
တိုင်းရင်း ဆေးဆိုင်
ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။