ဆင်တုံးမနွယ် ရိုးရိုးနှင့် ဆင်တုံးမနွယ် ဆူးပေါက် ဟူ၍ နှစ်မျိုး ရှိသည်။ ဆင်တုံးမနွယ် ရိုးရိုး၏ နွယ်တွင် ဆူးဖု ကလေးများ မပါဘဲ အရွက်သည် ကင်းပုံရွက်နှင့် ဆင်တူ၍ ကင်းပုံရွက်ထက် ကြီးသည်။ ဆင်တုံးမနွယ် ဆူးပေါက်၏ နွယ်တွင် ဆူးဖုကလေးများ ပါရှိပြီး အရွက်သည် နှလုံးပုံ အရွက် ဖြစ်သည်။ ဆင်တုံးမနွယ်သည် နွယ်ပင်ဖြစ်၍ မှီခိုပင် (သို့) မှီခိုခံ ပစ္စည်း တစ်ခုခုကို နွယ်တက်ရာတွင် လက်ရာရစ် ရစ်ပတ် နွယ်တက်သည်။ အပွင့်သည် နှစ်ပင်ပေါင်း လိင်စုံ ဖြစ်ပြီး အ၀ါရောင် ရှိ၍ အလွန် သေးငယ်သည်။ အဆစ်များမှ ပန်းခိုင်ထွက်သည်။ တပေါင်းလမှ နယုန်လ အတွင်း ပွင့်သည်။ အသီးသည် အ၀ါရောင်ဖြစ်သည်။ အညှာမဲ့သည်။ ဆီးသီးခန့် ရှိသည်။ အသီးများ အပြွတ်လိုက် သီးသည်။ တပေါင်းလ၊ တန်ခူးလ တို့တွင် အသီးမှည့်သည်။
|
0 comments:
Post a Comment
အေးမေတ္တာ
တိုင်းရင်း ဆေးဆိုင်
ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။