Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Monday, February 10, 2014

မျက်စိရောဂါများ

Remedies for မျက်စိရောဂါများ

ဆီးဖြူသီး- အစေ့ကို ထုထောင်းချေပြီးလျှင် ရေနွေးဖြင့် ပြုတ်၍ မျက်စိကို ဆေးကြောပေးခြင်းဖြင့် မျက်စိ၌ဖြစ်တက်သော ရောဂါများ ပျောက်ကင်းစေနိုင်သည်။

မြင်းခွာရွက်- မျက်စိနာ၊ မျက်စိကြိမ်း ရောဂါတွင် မြင်းခွာရွက် သတ္တုရည်ကို စစ်ယူ၍ တစ်စက်နှစ်စက်ခန့် မျက်စဉ်းခတ်ပေးရသည်။

ရှားစောင်းလက်ပပ်ပင်-ရှားစောင်းလက်ပပ်အနှစ်ကို မျက်စိအုံပေးပါက မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

အစာအိမ်ရောဂါများ

Remedies for အစာအိမ်ရောဂါများ

ဆီးဖြူသီး- ဆီးဖြူသီး ရွက်နုများကို ပုံရည်ဖြင့် စားခြင်းဖြင့် အစာမကြေခြင်း၊ ၀မ်းသက်ခြင်းကို ပျောက်ကင်းစေနိုင်သည်။

တပင်တိုင်မြနန်း- အစာအိမ်ရောဂါများတွင် တပင်တိုင်မြနန်း အဖြူနှင့်အနီ ဥနှစ်မျိုးစလုံးအား (၅)ကျပ်သားခန့် အမှုန့်ပြုလုပ်၍ ပျားရည်ဖြင့် အလုံးလေးများပြုလုပ်ကာ (အလုံး ၅၀) တစ်နေ့တစ်လုံး စားပေးခြင်းဖြင့် အစာအိမ်နာကို သက်သာပျောက်ကင်း စေနိုင်သည်။

နနွင်း- နနွင်းဥကို ပါးပါးလှီး၍ နေရိပ်တွင်လှန်းပြီး ပျားရည်နှင့် တစ်ကြိမ်လျှင် (၃) ပြား၊ တစ်နေ့ ၁ ကြိမ်သောက်ပါက အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေသည်။

သွားကိုက်ရောဂါ

 Remedies for သွားကိုက်ရောဂါ

ဂျင်း- ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက်ရောဂါ ပျောက်ကင်းစေသည်။

ဒန္တသုခ- သွားရောဂါများတွင် သတ္တုရည်ညှစ်၍ သိပ်ပေးခြင်း၊ ပဉ္စငါးပါး ပြာချ၍ သိပ်ပေးခြင်းနှင့် ငုံထွေးရည်ပြုလုပ်၍ ငုံပေးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်သည်။

နနွင်း- သွားဖုံးရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲခြင်းကို နနွင်းမှုန့်နှင့် ရေနွေးဖျော်၍ ငုံပေးခြင်း၊ ဆားထည့်၍ သောက်ခြင်း၊ သွားရင်းတွင်သိပ်ပေးခြင်းများ ပြုလုပ်နိုင်သည်။

သွေးတိုးရောဂါ

Remedies for သွေးတိုးရောဂါ

ကြက်သွန်ဖြူ- ကြက်သွန်ဖြူ စားခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။

မြင်းခွာရွက် - မြင်းခွာရွက်ကို လက်ဖတ်ခြောက်သဖွယ် ရေနွေးနှင့် သောက်ခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေသည်။

ဦးရေအေးမြစေရန်

  Remedies for ဦးရေအေးမြစေရန်

ကင်းပွန်းချဉ် - အသီးကို ပြုတ်၍ခေါင်းလျှော်ပါက ပိုးနှင့်ဘောက်ကို ပျောက်စေသည်။ဦးရေကို အေးစေ၍ ဆံပင်သန်ဆေးအဖြစ် အသုံးပြုကြသည်။

ကြက်သွန်ဖြူ- ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေသည်။

မြင်းခွာရွက်- မြင်းခွာရွက်မှထုတ်သော မြင်းခွာဆီသည် ဆံပင်ကို နက်စေသော အာနိသင်ရှိသည့်အပြင် ဦးနှောက်ကို ကြည်လင်စေသည်။

အသည်းရောဂါ


  Remedies for အသည်းရောဂါ

ကင်ပွန်းချဉ် - လတ်ဆက်သော သတ္တုရည်ကို သောက်သုံးခြင်းဖြင့် အသည်းရောင် အသားဝါ ရောဂါကို ပျောက်ကင်းနိုင်သည်။

ဂရိတ်ဖရု- အသည်းရောဂါအတွက် သဘာဝကပေးသော ဆေးစွမ်းတစ်လက်ဖြစ်သည်။အသီးအမှည့်ကို ၎င်းအတိုင်း ဖြစ်စေ၊ ဖျော်ရည်လုပ်၍ဖြစ်စေ သောက်သုံးနိုင်သည်။

မြေဆီးဖြူပင်- မြေဆီးဖြူပင် ပဉ္စငါးပါးကို ရေစင်အောင်ဆေး၍ အခြောက်လှန်းပြီး ပြုတ်သောက်ပါက အသားဝါရောဂါ၊အသည်းကြီးခြင်း၊ အသည်း အဆီဖုန်းခြင်း တို့အတွက် တစ်နေ့ ကော်ဖီဇွန်း ၁ ဇွန်း - ၄ ကြိမ်သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်။

ဆီးရောဂါ

Remedies for ဆီးရောဂါ

ကင်းပုံရွက်- ဆီးလွန်ရောဂါ ရှိသူများ ကင်းပုံရွက် အမြစ်စို သတ္တုရည်ကို သောက်သုံးနိုင်သည်။

ခံတက်ပင် -ခံတက်ပင် အမြစ်ကို လေးပုံတစ်ပုံ ကြွင်းကျန်အောင် ပြုတ်ပြီးသောက်ပါက ဆီးချိုရောဂါ ပျောက်ကင်း သက်သာစေနိုင်သည်။ခံတက်အခေါက်- လေးပုံတစ်ပုံ ကြွင်းကျန်အောင် ပြုတ်ပြီး ၎င်းပြုတ်ရည်ကို ကြံသကာရော၍ သောက်က ဆီးကျောက်တည်ရောဂါ၊ ဆီးအိမ်ရောဂါတို့ကို သက်သာစေနိုင်သည်။

ခွေးတောက်နွယ် - အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်းနိုင်သည်။

ဂရိတ်ဖရု- ဆီးရောဂါ အမျိုးမျိုးအတွက် ဖျော်ရည်အဖြစ် သောက်သုံးနိုင်သည်။

စောင်းလျားသီး- စောင်းလျားသီးကို ငါးပြေမနှင့် ချက်စားပါက ဆီးအိမ်နှင့် သည်းခြေအိတ်တို့တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ စောင်းလျားသီး ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့်လည်း ဆီးချုပ်၊၀မ်းချုပ်၊ဆီးပူရောဂါတို့ကို သက်သာစေနိုင်သည်။

ဆီးဖြူသီး- ဆီးဖြူသီးအခြောက်မှုန့်ကို ထန်းလျက်၊ပျားရည်၊သကာရည်နှင့် နယ်စားပါက ဆီးပုတ်ရောဂါ ပျောက်ကင်းနိုင်သည်။တောဆီးဖြူ (သို့) တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါးကို ပြုတ်သောက်ပါက ဆီးချိုရောဂါ ပျောက်ကင်းသည်။

မြေဆီးဖြူ- မြေဆီးဖြူပင် ပဉ္စငါးပါး ပြုတ်ရည်ကို သောက်ခြင်းဖြင့် ရေဖျဉ်းရောဂါနှင့် ဆီးရောဂါတို့ကို သက်သာစေနိုင်သည်။

နနွင်း- နနွင်းကို သကြားနီခဲနှင့် ရောစပ်၍ ဆန်ဆေးရေနှင့် သောက်ပါက ဆီးအိမ်တွင် ကျောက်တည်ခြင်းကို သက်သာ ပျောက်ကင်းစေသည်။

မြင်းခွာရွက်- ဆီးပူ၊ဆီးအောင့်၊ ဆီးနည်း ရောဂါဝေဒနာရှင်များ မြင်းခွာပင် ပဉ္စငါးပါး သတ္တုရည်ကို သကြားနှင့် သောက်သုံးနိုင်သည်။

အရေပြာ:ရောဂါများ

 Remedies for အရေပြာ:ရောဂါများ

ကင်ပုံရွက်- အရွက်ပြုတ်ရည်ကို လိမ်းပေးပါက အရေပြားပေါ်တွင် ပေါက်သော အနာများကို ပျောက်ကင်းစေသည်။လျှာတွင် အနာပေါက်ခြင်း၊ ပူလောင်ခြင်းများ အတွက် အသီးမှ အရည်ကို ငုံထွေးရည်အဖြစ် သုံးသည်။

ဆီးဖြူသီး- ဆီးဖြူသီး အခြောက်(သို့) အစိုကို သွေး၍သံပရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တက်သော ယားယံနာ၊ ပွေး၊ ညှင်း၊ တင်းတိတ်များကို လိမ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်။

ဆီးဖြူသီး- မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ ဖြူပေးရသည်။

မြေဆီးဖြူ- ကလေးငယ်များ ယားယံလျှင် မြေဆီးဖြူရွက် သတ္တုရည်ကို ရေနှင့်ရောစပ်၍ ဖန်ရည်ဆေးပေးနိုင်သည်။

နားကိုက်ရောဂါ

Remedies for နားကိုက်ရောဂါ

ကင်းပုံရွက်- သတ္တုရည်ကို နှမ်းဆီ (သို့) ရေနှင့် ဖျော်၍ နားတွင်ခတ်ပါက နားကိုက်ရောဂါကို ပျောက်ကင်းစေနိုင်သည်။

ကြက်သွန်ဖြူ- နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီးလိမ်းလျှင် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာစေသည်။

ဂျင်း- ဂျင်းစိမ်းသတ္တုရည် နွေးနွေးကို နားတွင်း ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။

နှလုံးရောဂါ

 Remedies for နှလုံးရောဂါ

ကရမက် - သွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း၊ သောက်ခြင်းဖြင့် လည်းကောင်း နှလုံးရောဂါ ပျောက်ကင်းစေ၏

ကင်းပွန်းချဉ် - အသီးပြုတ်ရည်ကို သောက်ခြင်းဖြင့် နှလုံးရောဂါကို ပျောက်ကင်းစေနိုင်သည်။

ကြက်သွန်ဖြူ- နှလုံးနှင့် ပတ်သက်သော ရောဂါရှင်များအနေနှင့် ကြက်သွန်ဖြူကို ဆေးအနေနဲ့သော် လည်းကောင်း၊ အစာအဟာရအဖြစ်သော် လည်းကောင်း မှန်မှန်စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာစေနိုင်သည်။

ကျွဲကျောင်းမင်ဆေးပင်- ရင်ဘတ်အောင့်ခြင်း ဖြစ်ပွားလျှင် ၎င်းသတ္တုရည်ကို သောက်သုံးနိုင်သည်။

ဂျင်း- ဂျင်းကို စားသုံးခြင်းဖြင့် cholesterol ကျဆင်းပြီး သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။

အကြောအဆစ်လွဲခြင်း

  Remedies for အကြောအဆစ်လွဲခြင်း

ခွေးတောက်ရွက်- ခွေးတောက်ရွက်ကို သကြားနှင့်ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏။

ဖျားနာခြင်း

Remedies for ဖျားနာခြင်း

ကြက်သွန်ဖြူ- ကြက်သွန်ဖြူစားပေးခြင်းဖြင့် အအေးမိခြင်းနှင့် တုတ်ကွေးဖျားကို ပျောက်ကင်းစေနိုင်သည်။

ကင်းပုံရွက်- ကင်းပုံရွက်နှင့် နံနံစေံကို အမျှစီ ယူ၍ပြုတ်သောက်ပါက အဖျားရောဂါ ပျောက်စေသည်။

ဂျင်း - ဂျင်းပါးပါး (၇) လွှာကို ထန်းလျှက် (၃) လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင်ကျိုပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ရာသီအပြောင်းအလဲကြောင့် ဖြစ်သော တုပ်ကွေး၊ ချမ်းစိမ့်စိမ့်ဖျားခြင်း တို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

စောင်းလျားသီး- စောင်းလျားသီး ရှာလပတ်ရည်ကို သောက်သုံးခြင်းဖြင့် အဖျားကို ပျောက်စေသည်။

ဇက်ကြောတက်ခြင်း




   Remedies for ဇက်ကြောတက်ခြင်း

ဂျင်း- ဇက်ကြောတက်လျှင် ဂျင်းပါးပါးလှီးပြီး မီးအနည်းငယ်ပြပါ။ ပြီးလျှင် ဇက်ကြောတက်သည့် နေရာတွင် ကပ်ပေးခြင်းဖြင့် ဇက်ကြောတက်ခြင်း ပျောက်ကင်းစေပါသည်။

အော့အန်ခြင်း

  Remedies for အော့အန်ခြင်း

ကင်ပွန်းချဉ်- အစေ့ကို အော့အန်စေရန် အသုံးပြုသည်။

နွားမြက်ရင်း - နွားမြက်ရင်းသွေးရည်ကို ကော်ဖီဇွန်းတစ်ဇွန်း သောက်ပါက အော့အန်ရောဂါကို ပျောက်ကင်းစေနိုင်သည်။

ချောင်းဆိုးခြင်း


   Remedies for ချောင်းဆိုးခြင်း

ကင်းပုံပင် - ပဉ္စငါးပါးကို ပြုတ်၍ သလိပ်ရွှင်ဆေး အဖြစ်သုံးသည်။

ဂျင်း - ချောင်းဆိုးလျှင် ဂျင်းပါးပါး (၇) လွှာအား ထန်းလျက် (၃) လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင်ကြိုပြီး သောက်နိုင်သည်။

ရှိန်းခို - ရှိန်းခိုနှင့် ပိတ်ချင်းမှုံ့ စပ်၍စားပါက ပန်းနာရောဂါ၊ ချောင်းဆိုးရောဂါ ပျောက်ကင်းသည်။

ကွမ်းရွက် - ကွမ်းရွက်ညှစ်၍ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာရင်ကျပ်၊ ရင့်အောင့်ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်သည်။

စပါးလင် - စပါးလင်၏ ပဉ္စငါးပါးကို ပြုတ်၍ ဆားမီးဖုတ် အနည်းငယ်ထည့်၍ သောက်နိုင်သည်။

ပြည်ပန်းညို - အရွက်ကို ပြုတ်၍သောက်ခြင်း၊ အရွက်နုကို စားခြင်းဖြင့် လည်ချောင်းနာ၊ ချောင်းဆိုးရောဂါ ပျောက်ကင်းနိုင်သည်။

ရှောက် - ရှောက်ရည်၊ ပျားရည်၊ ဇ၀က်သာ သုံးမျိုး ရောသောက်ပါက ချောင်းဆိုး၊ရင်ကျပ်၊ သလိပ်ကပ်ခြင်း ပျောက်ကင်းနိုင်သည်။

သံပရာ - သံပရာရည် အနည်းငယ်နှင့် ပျားရည်အနည်းငယ် ဆတူရော၍ နေ့စဉ်ထမင်းစားဇွန်း တစ်ဇွန်းမျှ စားပေးခြင်းဖြင့် ရင်ကျပ်၊ချောင်းဆိုး၊ ပန်းနာရောဂါများ အမြစ်ပျက် ပျောက်ကင်း၏။

ဖလှံတောင်ဝှေး - ဟင်းချက်စားခြင်း၊ နှမ်းဆီ စစ်စစ်နှင့် ကြော်စားခြင်းဖြင့် ချောင်းဆိုးရောဂါ ပျောက်ကင်းနိုင်သည်။

သလဲသီး - သတ္တုရည်ကို ထောပတ်၊ ဖာလာငယ် အနည်းငယ်ရော၍ တိုက်ပါက သူငယ်နာအပူ ချောင်းဆိုးခြင်းကို ပျောက်ကင်းစေနိုင်သည်။

ငရံ့ပတူ- သတ္တုရညည်ကိုလည်းကောင်း၊ ပြုတ်ရည်ကိုလည်းကောင်း၊ ဇွန်းကြီး သုံးဇွန်းခန့်တွင် ဆားပဲဝက်ခန့် ထည့်ပြီး တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်အထိ တိုက်ပေးပါက ပန်းနာ၊ရင်ကျပ်၊ ချောင်းဆိုးခြင်းများကို ပျောက်ကင်းစေနိုင်သည်။

ကြက်သွန်ဖြူ- ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။

ကျွဲကျောင်းမင်ဆေးပင်- ပဉ္စငါးပါးပြုတ်ရည်ကို တိုက်ကျွေးခြင်းဖြင့် ကလေးများတွင် ဖြစ်တက်သော သလိပ်ကျပ်ရောဂါကို ပျောက်ကင်းစေနိုင်သည်။

ဂျင်း-ဂျင်းပါးပါး (၇) လွှာကို ထန်းလျှက် (၃) လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင်ကျိုပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းကို ပျောက်ကင်းစေနိုင်သည်။

မြင်းခွာရွက်- မြင်းခွာမှုန့်ကို မီးနှင့်နွေး၍ မုန်ညင်းဆီနှင့် ရင်ဘတ်၌ လိမ်ပေးပါက ကလေးများ ချောင်းဆိုး၊ အဆုတ်နာ ပျောက်ကင်းစေသည်။

Saturday, February 8, 2014

သခွတ်ပင်

Dolichandrone Spathacea; BIGNONIACEAE; Mangrove Trumpet Tree; သခွတ်ပင်

Dolichandrone Spathacea
BIGNONIACEAE D. rheedii; Bignonia spathacea
Common Name Mangrove Trumphet Tree; သခွတ်ပင်
 
Origin: From tropical Asia to Pacific Islands
Height: up to 20 m (66 ft);
Type: evergreen, flowering foiliage tree
Status: not threatened;
Habitat: swampy coastal lowland
Growth: fast;
Flowering: intermittently, year-round;
Dry Tolerence: moderate
Salt Tolerence: high;
Light: partial shade to full sun;
Soil: widely tolerant
Nutrient: balanced fertilizer annually, deep organic mulch
Hazards: none
Problems: none
Environment: bat and moth nectar
Propagation: fresh seeds
Leaves: pinnate; rich green to 35 cm (13.8in); leaflets broadly elliptic; glossy
Flowers: showy; creamy white; long-tubed trumpets; to 18 cm (7in); nocturnally fragrant
 Fruit: a capsule to 70 x 3 cm (27.5 x 1.2 in); cylindrical; ribbed; seeds corky, winged
Use: seaside; flowering tree; shade tree; public open space; street tree; courtyard
zone 10-12

ရဲယို

Morinda Citrifolia; Noni; ရဲယို

Morinda Citrifolia;
RUBIACEAE (M quadrangularis
Common Name Noni; ရဲယို
 
Origin: From tropical Asia to Australia
Height: up to 7 m (23 ft);
Type: evergreen, small fruit tree
Status: not threatened;
Habitat: beach and lowland monsoon scrub on limestone; wasteland; beach rainforest
Growth: moderate (I think it is fast because I used to grow it)
Flowering: year-round;
Dry Tolerence: high
Salt Tolerence: high;
Light: partial shade to full sun;
Soil: well-drained
Nutrient: organic fertilisers
Hazards: none
Problems: none
Environment: insect nectar; bird fruit
Propagation: seeds; cuttings
Leaves: simple; deep green; paler below; to 2.5 x 12 cm (10 x 4.7 in); oblongt to elliptic
Flowers:
 Fruit: inconspicuous; white; sessile, in dense, axiliary panicles
Use: seaside; screen; accent; container; large plantr; backyard tree; street tree; xerophytic; conservatory; food; medicine

ကြက်သွန်နီ

ကြက်သွန်နီ

Botanical Name
:
Allium cepa Linn
Myanmar Name
:
ကြက်သွန်နီ
English Name
:
Onion
Family
:
LILIACEAE


Distribution
:
မြန်မာ နိုင်ငံ အနှံ့အပြား အေးလွန်းသော ဒေသမှ အပ စိုက်ပျိုး ဖြစ်ထွန်းသည်။ စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။

Appearance
:
ပင်ပျော့မှာပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ ပေခန့်ထိရှိသည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင် ရှိပြီး အနည်းငယ် မာကျော၍ အ၀ိုင်းငယ်ပုံသဏ္ဍာန်ရှိသည်။ ၎င်းမှ အမြစ်များ ဖြာထွက်သည်။ အရွက်မှာ အရွက်စုပြုံထွက်သည်။ ပြွန်ပုံရှိပြီး ပြောင်ချော၍ ပျော့ပျောင်းသည်။ အခေါင်းပါသည်။ အပေါ်ဘက်သို့ သေးသွယ်၍ ကျဉ်းမြောင်းသွားသည်။ ရွက်ထိပ်ချွန်သည်။ အစိမ်းရင့်ရောင် ရှိသည်။ ရွက်ရင်းဖြူသည်။ အပွင့်မှာလုံးဝိုင်းသော ထီးပုံသဏ္ဍာန် ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့်အဖြူလေးများ ပွင့်၏ ။ ပွင့်ဖတ်အုံ ရှည်မျောမျော ပုံရှိ၏။ ထိပ်ချွန်သည်။ ၀တ်ဆံဖိုတိုင်မှာ ပွင့်ချပ်ထက် ရှည်သည်။ပြာသို ၊ တပို့တွဲတွင် ပွင့်သည်။ နီညိုရောင်ရှိပြီး လုံးဝိုင်းသည်။ ဥအပေါ်ယံကို ပါးလွှာသော အဖတ်များဖြင့် အထပ်ထပ် ဖုံးအုပ်နေသည်။အတွင်း၌ အရည်ရွှမ်းသော အသားဖတ်များ ရှိ၏။

Useful Part
:
ဥ။

Usage
:
ကြက်သွန်နီသည် ချို၏ ၊ စပ်၏ ၊ အနည်းငယ်ပူ၏ ၊ လေသလိပ် ၊ အဖျား ၊ ချောင်းဆိုးနာတို့ကို နိုင်၏ ။ ဆီးရွှင်စေ၏ ။ နှုတ်မမြိန်၊ အော့အန်ရောဂါ တို့ကို ပျောက်စေ၏။ ခွန်အားကို ဖြစ်စေ၍ သုက်အားကို ပွားများစေတတ်၏ ။ အော့အန်ခြင်း စသော ရောဂါများကို ပျောက်ကင်းစေတတ်၏။ ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ၀မ်းဗိုက်နာရောဂါ ပျောက်၏ ။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ၀မ်းရောဂါ ပျောက်၏ ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏ ။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။ ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တ၀ါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။ ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။

အကျော်

အကျော်

Botanical Name : Aquilaria agallocha Roxb
Myanmar Name : အကျော်
English Name : Aloe-Wood, Eagle-Wood
Family : THYMELAEACEAE


Distribution :
တနင်္သာရီ ရိုးမ၊ မြိတ်ခရိုင် တွင်းရှိ ကျွန်းများ တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။

Appearance :
အပင်မှာပင်ပျော့ ပင်ငယ် သက်ပြင်း မျိုး ဖြစ်သည်။ မှီတွယ် ရာမရှိ သော နေရာများ ၌ မြေပေါ်တွင် ဖြန့်တွား ပေါက်၏ ။ အမြင့် ၅-၆ ပေခန့် မြင့်၏။ ပင်စည် သေးသွယ် ပြီး မွဲခြောက်ခြောက် ရောင်ရှိသည်။ အကိုင်း အခက် များ အညိုရောင် ရှိသည်။ အရွက်မှာရွက် လွဲ ထွက်၏။ အလျား ၆ လက်မ ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏ ။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာ အတောင် ပါသည်။ ရွက်ညှာရင်း နား တွင် ရွက်စွယ် အဖတ်လေး များ ရှိ၏ ။အပွင့်မှာအလွန်သေး ငယ် ၏။ နီရောင် သမ်းသော အညိုရောင် သို့မဟုတ် မရန်းရောင် ရှိ၏။ နတ်တော်၊ ပြာသိုလ များ တွင် ပွင့် ၏။အသီးမှာသီးတောင့် ဖြစ်သည်။ ၁ လက်မမျှ ရှည်၍ ပြား၏ ။ ၁ လက်မ မျှ ရှည်၍ ပြား၏။အဆစ် ၆-၈ ထိရှိ ပြီး ပြောင်ချော ၏ ။ သို့မဟုတ် အမွေးနု များ ရှိသည်။ တပေါင်း ၊ တန်ခူး လများ တွင် အသီး ရင့် မှည့်သည်။

Useful Part : အနှစ်သား။

Usage :
အကျော်သည် အေး၏။ အပူကို ငြိမ်းစေ၏။ ချောင်းဆိုး ရောဂါ၊ နူနာ တို့ကို နိုင်၏။ ခါးသော အရသာ ရှိ၏။ ကြေညက် လွယ်၏။ ၀ဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိ ရောဂါ၊ နားရောဂါ တို့ကို ပျောက်ကင်း စေ၏။ ဆီးရွှင် စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါ များကို ပျောက်ကင်း စေ၏။ ခံတွင်းနံ့ မကောင်းခြင်း ကိုပယ်၏။အလွန် မူးဝေခြင်း ဖြစ်ပါက အကျော်ကို သွေး၍ ရှူခြင်း သို့မဟုတ် မီးရှို့၍ အခိုး ပြုလုပ် ရှူခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။ဝမ်းဗိုက် နာလျှင် အကျော်နှင့် ကြက်ဆူမြစ် အခွံ အခေါက်ကို ရောစပ် သွေးပြီး ၀မ်းဗိုက်တွင် လိမ်းပေး ပါက ပျောက်ကင်း နိုင်၏။ အကျော်မှုန့် ကို ပျားရည်နှင့် ဖျော်၍ လျက်သော် နာတာရှည် အဖျားနှင့် အဖျားငုပ်ခြင်း များပျောက်ကင်း၍ နှလုံးနှင့် အစာအိမ်ကို အားပေး၏။အကျော်ကို သွေးသောက်ခြင်း၊အကျော်မှုန့် ကို သနပ်ဖက်တွင် ထည့်၍ ဆေးလိပ် ကဲ့သို့ပြုလုပ်ပြီး မီးညှိကာ ရှူပေးခြင်း၊ ဆေးတံ ကဲ့သို့ အခိုးရှူပိုက်ဖြင့် မီးညှိ၍ ရှူပေးခြင်းဖြင့် ပန်းနာ ရင်ကျပ် ရောဂါနှင့် အော့အန်သော ရောဂါများ ပျောက်၏။အကျော်နက် ကို ဆီနှင့် သွေး၍ လိမ်းသော် လေထိုး လေအောင့် ပျောက်၏။အကျော်ကို အိုးထိန်းပင်၏ အစေးနှင့် ရော၍ မကျက်နိုင်သော အနာ၊ ပိုးကျ နေသော အနာများ ပေါ်တွင် မှိုင်းတိုက် ပေးပါက ပိုးများ ပျက်စီး၍ အနာ ကောင်းစွာ ကျက်သွားမည်။သွေးအန် သွေးကျ ရောဂါနှင့် အဆစ် အဆက် ရောင်သော ရောဂါများ အတွက် အကျော် ကို သွေးလိမ်းခြင်း၊ သောက်ပေးခြင်း ဖြင့် မုချ ပျောက်ကင်းစေ၏။အရေပြား ရောဂါနှင့် ကိုယ်သား ကိုယ်ရေ ညစ်နွမ်းသော ရောဂါ ဖြစ်သော် အကျော်ကို မကြာခဏ သွေး၍ လိမ်းပေး ခြင်းဖြင့် ပျောက်ကင်း၏။အကျော်ကို အမှုန့်ပြု၍ ပျားရည်နှင့် ဖျော်လျက်သော် နှလုံး ရောဂါ ပျောက်၏။ အကျော် အစေးကို လိမ်းပေးခြင်းဖြင့် ကိုယ်ခန္ဓာကို သွက်လက် ပေါ့ပါး စေနိုင်၏။

ဇော်ဂျီတောင်ဝှေး



ဇော်ဂျီတောင်ဝှေး ဇော်ဂျီတောင်ဝှေး

Botanical Name : Cordylinc terminalis Kunth
Myanmar Name : ဇော်ဂျီတောင်ဝှေး
English Name : Dragons Blood; Boundary mark
Family : LILIACEAE


Distribution :
မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ ဘုရား ညောင်ရေအိုးပန်း ထိုးရန် အတွက် လည်းကောင်း ၊ အလှအပ အဖြစ်လည်းကောင်း ခြံဝင်းများတွင်လည်း စိုက်ပျိုး၏ ။

Appearance :
ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၀ ပေခန့် ထိမြင့်သည်။ အကိုင်း အခက် ဖြာခြင်း မရှိ။ ပင်လုံး ထီးတည်း ဖြစ်၏ ။ ပင်စည်လုံး ပေါ်တွင် အရွက်ရော အမာရွတ် ကလေးများ ရှိသည်။ ပင်စည်လုံးသည် တောင်ဝှေးနှင့် သဏ္ဍာန် တူ၏။ပင်စည်လုံးအား ပတ်၍ ထွက်၏ ။ ရှည်မျောမျော လှံစွပ် ပုံသဏ္ဍာန် ရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသို့ သွယ်သွား၏။ အလျား တစ်တောင်ခန့် ရှိ၏ ။ ရွက်ညှာ ၄ လက်မခန့် ရှည်ပြီး မြောင်းကဲ့သို့ ဖြစ်နေသည်။ ရွက်ညှာရင်းသည် ပင်စည်ကို ကုပ်ပတ်ထား၏ ။ ရွက်ညှာ နှင့်တကွ အရွက် အထက်အောက် မျက်နှာပြင် ၂ ဖက်လုံး နုစဉ် အနီရင့်ရောင် ရှိ၍ ရင့်လျှင် နီညိုရောင်နှင့် စိမ်းမှိုင်းမှိုင်းရောင်ရောစပ်နေ၏ ။ ရွက်နားအနီရောင်ရှိ၏ ။ ရွက်ပြားချောမွေ့၍ အနည်းငယ်မာ၏ ။ ရွက်နားချော၍ လှိုင်းအနည်းငယ်ရှိသည်။ ရွက်လယ်ကြောထင်ရှား၍ သန်မာသည်။ အပင်ထိပ်မှ ပွင့်တံထွက်၍ ပွင့်၏ ။ အပွင့်သေးငယ်၍ နီညိုရောင်ရှိ၏။ ရေသောက်မြစ် ရှည်လျား၍ ယင်းဘေးမှ မြစ်မြွှာလေးများ ဖြာထွက်သည်။

Useful Part : အရွက် ၊ အမြစ် ၊ ပဉ္စငါးပါး။

Usage :
မြန်မာ ဆေးကျမ်းများ အလိုအရ ဇော်ဂျီ တောင်ဝှေး သည် အရသာဖန်၏။ အေး၏ ။ သွေးအန် သွေးကျ ၊ သွေးလျှံ၊ သွေးသွန်နာကိုနိုင်၍ သည်းခြေ ဒေါသအပူကို လွန်စွာ ငြိမ်းစေနိုင်၏ ။ အရွက်ကို ရေနှင့် ကျိုသောက်က သွေးအန်သွေးကျ သွေးလွန်ရောဂါ ပျောက်၏ ။ သကြားနှင့် ကျိုသောက်သော် ၀မ်းကောင်းစေ မှန်စေ၏ ။ ထန်းလျက်နှင့် ကျိုသောက်သော် အူရောင်ရောဂါ ၊ အသည်းရောင်ရောဂါတို့ ပျောက်၏ ။ရွက်နုများကို ပါးပါးလှီး၍ သုပ်စား တို့စားလျှင် ၀မ်းကိုက် ရောဂါ ပျောက်၏ ။ ၀မ်းကို လည်း ကောင်းစေ၏ ။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ် ရောင်ခြင်း ၊ အသည်း ရောင်ခြင်း နှင့် ကျောက်ကပ်တွင် ဖြစ်သော ရောဂါများ ပျောက်၏ ။ အမြစ်ကို သွေး၍ ရှူလျှင် ထိပ်ကပ်နာနှင့် နှာခေါင်း သွေးလျှံ ၊ သွေးကျခြင်းများ ပျောက်၏ ။လျှာ၌ အနာ ၊ အဖုအပိမ့်များ ပေါက်လျှင် ဇော်ဂျီ တောင်ဝှေး မြစ်ကိုသွေး၍ ဆားအနည်းငယ် ထည့်ပြီး လျှာနာ ကို နှိုက်ပေးရ၏။ အမြစ်ကို ပြုတ်သောက်က ၀မ်းကောင်းစေ၏ ။ အမြစ်ကို သွေးလိမ်းသော် ၀ဲစို ၊ ၀ဲခြောက်နာ ၊ ပေါက်ခြံကွဲနာနှင့် အခြား အနာအဆာ များပျောက်၏။ အမျိုးသမီးများ မီးယပ်မပေါ်သော် ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါးကို သကြားနှင့် ကျိုသောက်က မီးယပ်ပေါ်စေ၏ ။ ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါးပြုတ်ရည်ကို သကြား ။ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဉ်သောက်သော် အဆုတ်နာ ပျောက်၏။ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါး ကြိတ်ညှစ်ရည် ၊ ချင်း ၊ ထန်းလျက်ရည်တို့ ဆတူစပ်၍ နေ့စဉ်သောက်သော် အမျိုးသမီးများ သွေးသားမှန်ကန်၍ လှစေ ၀စေ၏ ။ အမောလည်း ခံနိုင်၏ ။ အမျိုးသမီးကြီးများ သွေးဆုံးရောဂါကို လည်း ပျောက်စေ၏ ။

နွယ်သာကီ






နွယ်သာကီ နွယ်သာကီ နွယ်သာကီ

Botanical Name : Nerium indicum Mill
Myanmar Name : နွယ်သာကီ
English Name : Roses of Sharon, Oleander
Family : APOCYNACEAE


Distribution :
မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်၏။ အပူပိုင်း၊ အပူ သမပိုင်း ရာသီဥတု နှစ်မျိုးလုံး ၌ ဖြစ်ထွန်းသည်။ သဘာဝ အလျောက် ပေါက်ရောက် သော်လည်း အလှပင် အဖြစ် စိုက်ပျိုး ကြသည်။

Appearance :
အမြဲ စိမ်းလန်းပြီး သန်မာသော အပင်ငယ်မျိုး ဖြစ်သည်။ ပေ ၂၀ ထိ မြင့် တက်နိုင်သည်။ အကိုင်းများ တောင့်တင်း ပြီး အပေါ်သို့ ထောင်မတ် နေသည်။ ၃ ရွက် ပတ်လည် ထွက်သည်။ လှံစွပ်ပုံ ရှိ၏။ အရင်း အဖျား နှစ်ဖက် ချွန်သည်။ ရွက်ပြား ထူ၍ ကျဉ်းပြီး သားရေကဲ့သို့ ပြောင်ချော နေသည်။ ရွက်လယ်ကြော အလွန်မာ သည်။ ရွက်ညှာတိုသည်။ အပွင့် ကြီး၍ ခေါင်းလောင်းပုံ ရှိသည်။ အဖြူရောင် သို့မဟုတ် ပန်းရောင် ကြက်သွေးရောင် ရှိသည်။ ချိုသော အနံ့ရှိ၍ အပွင့်များ အကိုင်းဖျား၌ အဆုပ်လိုက် ပွင့်သည်။ တန်ခူးလမှ နယုန်လ အတွင်း ပွင့်သည်။

Useful Part : အမြစ် နှင့် အရွက်။

Usage :
မြန်မာ ဆေးကျမ်း များ အလို အရ အမြစ် သည် ခါးသော သတ္တိ ရှိ၏။ အားကို ဖြစ်စေ သည်။ ကာမကို အားပေး၏။ အလွန် အဆိပ် များသော ကြောင့် မြွေဆိပ် နှင့် အခြား ပြင်းသော အဆိပ်များ ကို နိုင်၏။ နူနာ၊ ပွေးနာ နှင့် နာကျင် ကိုက်ခဲ ခြင်းတို့ ကို ပျောက်ကင်း စေနိုင်သည်။ (သောက်ဆေး အဖြစ် လုံးဝ မသုံး ရပေ။ ပြင်ပ လိမ်းဆေး အဖြစ်သာ သုံးနိုင်၏။ အဆိပ်ပင် ဖြစ်သည်။) အမြစ်မှုန့်ကို ရေနှင့် ဖျော်၍ လိမ်းပါက ကင်ဆာနာ၊ ပြည်တည် အနာများ နှင့် နူနာ ရောဂါများ ပျောက်ကင်း၏။ ဖျားသော သူကို နားတွင် လိမ်းပေးပါက အဖျား ပျောက်ကင်း၏။ အဆိပ်ကို ပြယ်စေ သဖြင့် ကင်းကိုက်၊ မြွေကိုက်သော နေရာများတွင် အမှုန့် ပြု လိမ်းပေးပါက ပျောက်ကင်း၏။ အမြစ်မှုန့် ဖြင့် ခေါင်းကို ပွတ်ပေးပါက ခေါင်းကိုက်ရောဂါ ပျောက်၏။ အမြစ်ခေါက်မှုန့်ကို ပွေးနာနှင့် အခြား အရေပြား ပေါ်ဖြစ်သော ယားနာများတွင် အသုံးပြု နိုင်သည်။အရွက်ကို အမှုန့်ပြု၍ ယားနာ၊ ပွေးနာ များတွင် လည်းကောင်း၊ ပြုတ်ရည်ကို အရောင်ကျစေရန် လည်းကောင်း လိမ်းပေးလျှင် ပျောက်ကင်း၏။ အရွက်ကို အရည်ညှစ် ၍ မြွေကိုက်ရာတွင် အနည်းငယ် လိမ်းပေးပါက မြွေဆိပ် ပျောက်ကင်း၏။ အခြား အဆိပ် ပြင်းသော အကောင်များ ကိုက်ရာ တွင်လည်း အသုံးပြု နိုင်၏။

ကြက်ဟင်းခါး



ကြက်ဟင်းခါး ကြက်ဟင်းခါး

Botanical Name : Momordica charantia Linn
Myanmar Name : ကြက်ဟင်းခါး
English Name : Bitter Gourd
Family : CUCURBITACEAE


Distribution :
မြန်မာ နိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာဝ အလျောက် ပေါက်ရောက်သော ကြက်ဟင်းခါးငယ် မျိုးလည်း ရှိသည်။ စိုက်ပျိုးပင် ဖြစ်သည်။

Appearance :
တစ်နှစ်ခံ ချုံယောင် နွယ်ပင် မျိုးဖြစ်သည်။ အကိုင်းအခက် များသည်။ ပင်စည်ရိုးတံ စိမ်းဖျော့ရောင် ရှိပြီး လေးထောင့် ဖြစ်သည်။ ပင်စည်တွင် အမွေးနုများဖြင့် ဖုံးလွှမ်းနေ၍ နွယ်နှာမောင်းများ ရှိသည်။ ရွက်လွှဲ ထွက်သည်။ အ၀ိုက် ၅-၇ ခုရှိ၍ အလွန် ဟိုက်ပြီး လက်ဝါးရွက်ပေါင်း ကဲ့သို့ ဖြစ်နေသည်။ ရွက်နား ပတ်လည် အတွန့်များ ရှိ၏ ။ ရွက်ရင်းမှစ၍ ရွက်ကြော ဖြာသည်။ အောက်မျက်နှာပြင်၌ အမွေးနု ကလေးများ ရှိသည်။ ရွက်ညှာ ရှည်သည်။အ၀ါရောင်ရှိပြီး တစ်လက်မခန့် ရှည်သည်။ ပွင့်ဖတ် ၅ ခုရှိသည်။ အဖိုပွင့် အမပွင့် ရှိ၍ ပွင့်ညှာတံ ပိုရှည်သည်။ အမပွင့် တွင် မျိုးအိမ် ထင်ရှား၏ ။ အပင်ဖြစ်ပြီး ၂ လ ၊ ၃လ ကြာလျှင် ပွင့်၏ ။အသီးသည် နုသော အခါ စိမ်း၍ ရင့်လာသော အခါ လိမ္မော်ရောင် ဖြစ်လာသည်။ အသီး အရင်း အဖျားသွယ်၍ မျက်နှာပြင် မညီမညွတ် အဖုကလေးများ ရှိသည်။ အမြှောင်း ငါးခု ပါသည်။ အစေ့ များသည်။

Useful Part : အရွက် ၊ အသီး ။

Usage :
မြန်မာ ဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက် လွယ်၏ ၊ ၀မ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေ သလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သော ရောဂါများ ၊ သွေးအား နည်းခြင်း ၊ ဆီးနှင့် စပ်သော ရောဂါများကို ပျောက်စေသည်။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက် ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။ အရွက်ကြိတ် ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေ ပျက်စီး၏ ။ကြက်ဟင်းခါး ရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသော ရောဂါ ပျောက်ကင်း၏။ မူးမော်ခြင်းလည်း ပျောက်ရန် လည်းကောင်း ၊ ညှော်ခံဆေး အဖြစ် လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကို ချေ၍ ရှူပေး ရ၏။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန် တုပ်ကွေး ရောဂါ ပျောက်၏။ ခွေးရူးကိုက်သော နေရာများတွင်အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ် ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။ ကြက်ဟင်းခါးသီး အခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်း ရောင်သော ရောဂါ ပျောက်ကင်း၏ ။ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလ၀မ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

ပျဉ်းတော်သိမ်



ပျဉ်းတော်သိမ် ပျဉ်းတော်သိမ် ပျဉ်းတော်သိမ်

Botanical Name : Clausena excavate Burm
Myanmar Name : ပျဉ်းတော်သိမ်
English Name : Curry Leave
Family : RUTACEAE


Distribution :
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။

Appearance :
အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၀ ကျော်ထိ မြင့် တတ်သည်။ အကိုင်း များ ဖြာ၍ ထွက်သည်။ ပင်စည် ညိုခြောက် ခြောက်ရောင် ရှိ၍ အနည်းငယ် ကြမ်းသည်။ ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈ လက်မ ခန့်ထိ ရှည်သည်။ရွက်မြွှာ များ အချို့ ရွက်ဆိုင် ၊ အချို့ ရွက်လွှဲ ထွက်ပြီး ၁၅-၁၇ ရွက် ထိ ပါရှိသည်။ လှံစွပ် ပုံသဏ္ဌာန် ရှိသည်။ရွက်ရင်း ရွဲ့စောင်း ၍ အနည်းငယ် ၀ိုင်းပြီး ရွက်ဖျား သွယ်သည်။ရွက်ညှာ တိုသည်။ရွက်ပြား ချော၍ ရွက်နား၌ မထင်ရှားသော ခွေးသွားစိပ် သို့မဟုတ် ထစ်ကလေးများ ရှိသည်။ရွက်လယ် ကြောသာ ထင်ရှား၏။ မွှေးကြိုင်သော အနံ့ရှိ၏။ အရွက် နုစဉ်တွင် အညိုရောင် ရှိသည်။ အပွင့်မှာ အဖြူရောင် ရှိသည်။ တန်ခူး ကဆုန်လများတွင် ပွင့်သည်။ အသီးသည် လုံးဝိုင်း၍ ပန်းရောင်နှင့် အဖြူရောင် ပေါ်တွင် အမည်းစက် ကလေးများ ရှိ၏။ အတွင်း၌ အစိမ်းရောင် အစေ့ တစ်စေ့သာ ပါရှိသည်။ဝါခေါင်၊ တော်သလင်း တွင် သီးမှည့်၏။

Useful Part : အရွက်။

Usage :
မြန်မာ ဆေးကျမ်း များအလိုအရ ပျဉ်းတော်သိမ် သည် ခါးသက်သက် ရှိ၏။ ဖန်၏။ ပူ၏။ ကြေညက် လွယ်၏။ အပူကို ငြိမ်း စေ၏။ ဆီးကို ရွှင်စေ၍ အစာကို ကြေစေ၏။ နူနာ ၊ သွေးဖောက် ပြန်ရောဂါ၊ အဆိပ်သင့် နာတို့ကို နိုင်၏။ ပျဉ်းတော်သိမ် ရွက်ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးသည်။ ၄င်း အရွက်ကို များစွာ စားခြင်းဖြင့် ၀မ်းကို သက်စေသည်။ နို့ရည် ထဲတွင် ၄င်းအရွက်ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေသည်။ပျဉ်းတော်သိမ် ရွက်ကို သွေးဆေး၊ လေဆေးများ ဖော်စပ်ရာတွင် အသုံးပြု၏။

မုယားကြီး (ရွက်ပါး)

မုယားကြီး (ရွက်ပါး) မုယားကြီး (ရွက်ပါး)

Botanical Name : Adhatoda Vasica Nees
Myanmar Name : မုယားကြီး (ရွက်ပါး)
English Name : Malabar Nut
Family : ACANTHACEAE


Distribution :
ရှမ်းပြည်နယ် နှင့် ပြင်ဦးလွင် တို့ တွင် အများဆုံး တွေ့ရသည်။သဘာဝ အလျောက် ပေါက်ရောက်သည်။

Appearance :
အမြဲစိမ်း ချုံပင်ပျော့မျိုးဖြစ်သည်။ အရွက်သည် ဘဲဥပုံ၊ လှံစွပ်ပုံ ရှိသည်။ အပေါ်မျက်နှာပြင်သည် အစိမ်းရင့်ရောင်ဖြစ်၍ အောက်ဖက် မျက်နှာပြင်သည် အစိမ်းရောင်ဖျော့သည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်း သွယ်သည်။ ကြားထွက်ပန်းခိုင်မျိုး ဖြစ်သည်။ အဖြူရောင် အပွင့်များ ပွင့်၍ အခွံလယ်အက်ကွဲသီး ဖြစ်သည်။ ချုံပင် မျိုးဖြစ် သည် ။ အမြင့် ၄ ပေ မှ ၈ ပေထိ မြင့်သည်။ ညိုခြောက် ခြောက် အရောင်ရှိ သော အကိုင်း အခက် များစွာ ဖြာပြီး အမွေးနု ကလေးများ ရှိသည်။ အရွက်နှစ်ရွက်စီ ရွက်ဆိုင် အလှည့်ကျ ထွက်၏ ။ အကိုင်း ၏ အဖျားပိုင်း တွင် စုထွက်သည်။ ရွက်ထိပ် ချွန်သည်။ အလျား ၄ လက်မ မှ ၈ လက် မ ထိရှည်၏ ။ ရွက်ကြော ထင်ရှား ၏ ။ အပေါ် မျက်နှာပြင် ချော မွတ်ပြီး အောက်မျက်နှာပြင် တွင် အမွေးနု ကလေးများ ရှိ၏ ။ ရွက်နား ချော၍ လှိုင်းအနည်းငယ် ရှိသည်။ အပွင့်မှာ အဖြူ အနီ ၂ မျိုး ရှိ၏ ။ သီတင်းကျွတ် ၊ တန်ဆောင် မုန်း တွင် ပွင့် ၏ ။အသီးတွင် အစေ့ ၄ စေ့ ပါသည်။ အမွေးနုများ ဖုံးလွှမ်း နေသည်။ တပို့တွဲ လတွင် အသီးမှည့်သည်။

Useful Part : အပွင့် ၊ အရွက်၊ အမြစ်။

Usage :
မြန်မာ ဆေးကျမ်းများ အလိုအရ မုရားကြီး ရွက်သည် ဖန် ခါး၏ ၊ အေး၏ ၊ လေကိုပွား စေ၏ ၊ အသံကို ကောင်းစေ၏ ၊ နာကို လည်းကောင်း ၊ သွေးကျ သွေးအန် သော အနာကို လည်းကောင်း ၊ ပန်းနာ ၊ ရှူနာ တို့ကို လည်းကောင်း ပယ်နိုင်၏ ။ မုရားကြီး ရွက်သည် တေဇော ဓာတ်နှင့် ယှဉ်သော ချောင်းဆိုး နာ ကို လည်းကောင်း အောက်သို့ သွေးသက်သော အနာကို လည်းကောင်း ၊ ခံတွင်း ညှီနံ့ မကောင်း ခြင်းကို လည်းကောင်း ၊ လက်ဝဲ ခြေ ရောင်ရမ်း သော အနာ ကို လည်းကောင်း ပယ်နိုင်၏ ။အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး ၃ ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။ မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း၊ သွားနဲ့ခြင်း များ ပျောက်၏။ မုရားကြီး ရွက်ကို မျက်စိ ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု ၏ ။ အရွက်ကို ကျို၍သောက်က ၀မ်းကိုက် ရောဂါ ပျောက်သည်။ မုရားကြီး ရွက် လတ်တစ်ဆုပ် စာ ကို ရေသုံး ခွက် တစ်ခွက် တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။ မုရားကြီး ရွက်နုကို ကြိတ်၍ ရသော အရည်အား ၀ိုင်အရက် နှင့်သော်လည်းကောင်း ၊ ပျားရည် နှင့် သော်လည်းကောင်း သောက်သော် ကြက်ညှာ ချောင်းဆိုး ရောဂါ ပျောက်၏။ မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။မုရားကြီး မြစ်ကို ပိုးမွှားသတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု နိုင်၏။

လောက်သေ



လောက်သေ လောက်သေ

Botanical Name : Desmodium triquetrumDC
Myanmar Name : လောက်သေ
English Name : -
Family : PAPILIONACEAE


Distribution :
မြန်မာ နိုင်ငံ အောက်ပိုင်း စွတ်စို သော ဒေသ များ ၌ ပေါက်၏။ သဘာဝ အလျောက် ပေါက်ရောက်သည်။

Appearance :
ပင်ပျော့ ပင်ငယ် သက်ပြင်း မျိုး ဖြစ်သည်။ မှီတွယ် ရာမရှိ သော နေရာများ ၌ မြေပေါ်တွင် ဖြန့်တွား ပေါက်၏ ။ အမြင့် ၅-၆ ပေခန့် မြင့်၏။ ပင်စည် သေးသွယ် ပြီး မွဲခြောက်ခြောက် ရောင်ရှိသည်။ အကိုင်း အခက် များ အညိုရောင် ရှိသည်။ ရွက် လွဲ ထွက်၏။ အလျား ၆ လက်မ ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏ ။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာ အတောင် ပါသည်။ ရွက်ညှာရင်း နား တွင် ရွက်စွယ် အဖတ်လေး များ ရှိ၏ ။အပွင့်သည် အလွန်သေး ငယ် ၏။ နီရောင် သမ်းသော အညိုရောင် သို့မဟုတ် မရန်းရောင် ရှိ၏။ နတ်တော်၊ ပြာသိုလ များ တွင် ပွင့် ၏။အသီးမှာ သီးတောင့် ဖြစ်သည်။ ၁ လက်မမျှ ရှည်၍ ပြား၏ ။ ၁ လက်မ မျှ ရှည်၍ ပြား၏။အဆစ် ၆-၈ ထိရှိ ပြီး ပြောင်ချော ၏ ။ သို့မဟုတ် အမွေးနု များ ရှိသည်။ တပေါင်း ၊ တန်ခူး လများ တွင် အသီး ရင့် မှည့်သည်။

Useful Part : အမြစ် ၊ အရွက် ။

Usage :
လောက်သေ ပင် သည် လေ ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏ ။ ကာမကို အားပေး ၏ ။ ရောဂါ ဖြစ်စေသော ပိုး များ ကို ပယ်တတ် ၏ ။ အဆီကို တိုးပွား စေ ၏ ။ အူတို့ ကို တွန့်ရှုံ့ စေတတ် ၏ ။ အဖျား ရောဂါ ၊ အဖျား ရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း ၊ပန်းနာ ချောင်းဆိုး ၊ ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင်သည်။ ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ၀မ်းကိုက် ရောဂါ ၊ ၀မ်းဖော ၀မ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။ ၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ၀မ်းကိုက် ၊ သွေ့းဝမ်း သွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ဝှေး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ၀ဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏ ။ ကလေးများ အနာစက် ၊ ၀ဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။ ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။ စအို မျှော့ ၀င်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး (ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အ၀တ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။ လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။