Remedies for ဆီးရောဂါ | |||
ကင်းပုံရွက်- ဆီးလွန်ရောဂါ ရှိသူများ ကင်းပုံရွက် အမြစ်စို သတ္တုရည်ကို သောက်သုံးနိုင်သည်။ ခံတက်ပင် -ခံတက်ပင် အမြစ်ကို လေးပုံတစ်ပုံ ကြွင်းကျန်အောင် ပြုတ်ပြီးသောက်ပါက ဆီးချိုရောဂါ ပျောက်ကင်း သက်သာစေနိုင်သည်။ခံတက်အခေါက်- လေးပုံတစ်ပုံ ကြွင်းကျန်အောင် ပြုတ်ပြီး ၎င်းပြုတ်ရည်ကို ကြံသကာရော၍ သောက်က ဆီးကျောက်တည်ရောဂါ၊ ဆီးအိမ်ရောဂါတို့ကို သက်သာစေနိုင်သည်။ ခွေးတောက်နွယ် - အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်းနိုင်သည်။ ဂရိတ်ဖရု- ဆီးရောဂါ အမျိုးမျိုးအတွက် ဖျော်ရည်အဖြစ် သောက်သုံးနိုင်သည်။ စောင်းလျားသီး- စောင်းလျားသီးကို ငါးပြေမနှင့် ချက်စားပါက ဆီးအိမ်နှင့် သည်းခြေအိတ်တို့တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ စောင်းလျားသီး ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့်လည်း ဆီးချုပ်၊၀မ်းချုပ်၊ဆီးပူရောဂါတို့ကို သက်သာစေနိုင်သည်။ ဆီးဖြူသီး- ဆီးဖြူသီးအခြောက်မှုန့်ကို ထန်းလျက်၊ပျားရည်၊သကာရည်နှင့် နယ်စားပါက ဆီးပုတ်ရောဂါ ပျောက်ကင်းနိုင်သည်။တောဆီးဖြူ (သို့) တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါးကို ပြုတ်သောက်ပါက ဆီးချိုရောဂါ ပျောက်ကင်းသည်။ မြေဆီးဖြူ- မြေဆီးဖြူပင် ပဉ္စငါးပါး ပြုတ်ရည်ကို သောက်ခြင်းဖြင့် ရေဖျဉ်းရောဂါနှင့် ဆီးရောဂါတို့ကို သက်သာစေနိုင်သည်။ နနွင်း- နနွင်းကို သကြားနီခဲနှင့် ရောစပ်၍ ဆန်ဆေးရေနှင့် သောက်ပါက ဆီးအိမ်တွင် ကျောက်တည်ခြင်းကို သက်သာ ပျောက်ကင်းစေသည်။ မြင်းခွာရွက်- ဆီးပူ၊ဆီးအောင့်၊ ဆီးနည်း ရောဂါဝေဒနာရှင်များ မြင်းခွာပင် ပဉ္စငါးပါး သတ္တုရည်ကို သကြားနှင့် သောက်သုံးနိုင်သည်။ |
0 comments:
Post a Comment
အေးမေတ္တာ
တိုင်းရင်း ဆေးဆိုင်
ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။