Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Monday, February 10, 2014

မျက်စိရောဂါများ

Remedies for မျက်စိရောဂါများ

ဆီးဖြူသီး- အစေ့ကို ထုထောင်းချေပြီးလျှင် ရေနွေးဖြင့် ပြုတ်၍ မျက်စိကို ဆေးကြောပေးခြင်းဖြင့် မျက်စိ၌ဖြစ်တက်သော ရောဂါများ ပျောက်ကင်းစေနိုင်သည်။

မြင်းခွာရွက်- မျက်စိနာ၊ မျက်စိကြိမ်း ရောဂါတွင် မြင်းခွာရွက် သတ္တုရည်ကို စစ်ယူ၍ တစ်စက်နှစ်စက်ခန့် မျက်စဉ်းခတ်ပေးရသည်။

ရှားစောင်းလက်ပပ်ပင်-ရှားစောင်းလက်ပပ်အနှစ်ကို မျက်စိအုံပေးပါက မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

အစာအိမ်ရောဂါများ

Remedies for အစာအိမ်ရောဂါများ

ဆီးဖြူသီး- ဆီးဖြူသီး ရွက်နုများကို ပုံရည်ဖြင့် စားခြင်းဖြင့် အစာမကြေခြင်း၊ ၀မ်းသက်ခြင်းကို ပျောက်ကင်းစေနိုင်သည်။

တပင်တိုင်မြနန်း- အစာအိမ်ရောဂါများတွင် တပင်တိုင်မြနန်း အဖြူနှင့်အနီ ဥနှစ်မျိုးစလုံးအား (၅)ကျပ်သားခန့် အမှုန့်ပြုလုပ်၍ ပျားရည်ဖြင့် အလုံးလေးများပြုလုပ်ကာ (အလုံး ၅၀) တစ်နေ့တစ်လုံး စားပေးခြင်းဖြင့် အစာအိမ်နာကို သက်သာပျောက်ကင်း စေနိုင်သည်။

နနွင်း- နနွင်းဥကို ပါးပါးလှီး၍ နေရိပ်တွင်လှန်းပြီး ပျားရည်နှင့် တစ်ကြိမ်လျှင် (၃) ပြား၊ တစ်နေ့ ၁ ကြိမ်သောက်ပါက အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေသည်။

သွားကိုက်ရောဂါ

 Remedies for သွားကိုက်ရောဂါ

ဂျင်း- ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက်ရောဂါ ပျောက်ကင်းစေသည်။

ဒန္တသုခ- သွားရောဂါများတွင် သတ္တုရည်ညှစ်၍ သိပ်ပေးခြင်း၊ ပဉ္စငါးပါး ပြာချ၍ သိပ်ပေးခြင်းနှင့် ငုံထွေးရည်ပြုလုပ်၍ ငုံပေးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်သည်။

နနွင်း- သွားဖုံးရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲခြင်းကို နနွင်းမှုန့်နှင့် ရေနွေးဖျော်၍ ငုံပေးခြင်း၊ ဆားထည့်၍ သောက်ခြင်း၊ သွားရင်းတွင်သိပ်ပေးခြင်းများ ပြုလုပ်နိုင်သည်။

သွေးတိုးရောဂါ

Remedies for သွေးတိုးရောဂါ

ကြက်သွန်ဖြူ- ကြက်သွန်ဖြူ စားခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။

မြင်းခွာရွက် - မြင်းခွာရွက်ကို လက်ဖတ်ခြောက်သဖွယ် ရေနွေးနှင့် သောက်ခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေသည်။

ဦးရေအေးမြစေရန်

  Remedies for ဦးရေအေးမြစေရန်

ကင်းပွန်းချဉ် - အသီးကို ပြုတ်၍ခေါင်းလျှော်ပါက ပိုးနှင့်ဘောက်ကို ပျောက်စေသည်။ဦးရေကို အေးစေ၍ ဆံပင်သန်ဆေးအဖြစ် အသုံးပြုကြသည်။

ကြက်သွန်ဖြူ- ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေသည်။

မြင်းခွာရွက်- မြင်းခွာရွက်မှထုတ်သော မြင်းခွာဆီသည် ဆံပင်ကို နက်စေသော အာနိသင်ရှိသည့်အပြင် ဦးနှောက်ကို ကြည်လင်စေသည်။

အသည်းရောဂါ


  Remedies for အသည်းရောဂါ

ကင်ပွန်းချဉ် - လတ်ဆက်သော သတ္တုရည်ကို သောက်သုံးခြင်းဖြင့် အသည်းရောင် အသားဝါ ရောဂါကို ပျောက်ကင်းနိုင်သည်။

ဂရိတ်ဖရု- အသည်းရောဂါအတွက် သဘာဝကပေးသော ဆေးစွမ်းတစ်လက်ဖြစ်သည်။အသီးအမှည့်ကို ၎င်းအတိုင်း ဖြစ်စေ၊ ဖျော်ရည်လုပ်၍ဖြစ်စေ သောက်သုံးနိုင်သည်။

မြေဆီးဖြူပင်- မြေဆီးဖြူပင် ပဉ္စငါးပါးကို ရေစင်အောင်ဆေး၍ အခြောက်လှန်းပြီး ပြုတ်သောက်ပါက အသားဝါရောဂါ၊အသည်းကြီးခြင်း၊ အသည်း အဆီဖုန်းခြင်း တို့အတွက် တစ်နေ့ ကော်ဖီဇွန်း ၁ ဇွန်း - ၄ ကြိမ်သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်။

ဆီးရောဂါ

Remedies for ဆီးရောဂါ

ကင်းပုံရွက်- ဆီးလွန်ရောဂါ ရှိသူများ ကင်းပုံရွက် အမြစ်စို သတ္တုရည်ကို သောက်သုံးနိုင်သည်။

ခံတက်ပင် -ခံတက်ပင် အမြစ်ကို လေးပုံတစ်ပုံ ကြွင်းကျန်အောင် ပြုတ်ပြီးသောက်ပါက ဆီးချိုရောဂါ ပျောက်ကင်း သက်သာစေနိုင်သည်။ခံတက်အခေါက်- လေးပုံတစ်ပုံ ကြွင်းကျန်အောင် ပြုတ်ပြီး ၎င်းပြုတ်ရည်ကို ကြံသကာရော၍ သောက်က ဆီးကျောက်တည်ရောဂါ၊ ဆီးအိမ်ရောဂါတို့ကို သက်သာစေနိုင်သည်။

ခွေးတောက်နွယ် - အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်းနိုင်သည်။

ဂရိတ်ဖရု- ဆီးရောဂါ အမျိုးမျိုးအတွက် ဖျော်ရည်အဖြစ် သောက်သုံးနိုင်သည်။

စောင်းလျားသီး- စောင်းလျားသီးကို ငါးပြေမနှင့် ချက်စားပါက ဆီးအိမ်နှင့် သည်းခြေအိတ်တို့တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ စောင်းလျားသီး ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့်လည်း ဆီးချုပ်၊၀မ်းချုပ်၊ဆီးပူရောဂါတို့ကို သက်သာစေနိုင်သည်။

ဆီးဖြူသီး- ဆီးဖြူသီးအခြောက်မှုန့်ကို ထန်းလျက်၊ပျားရည်၊သကာရည်နှင့် နယ်စားပါက ဆီးပုတ်ရောဂါ ပျောက်ကင်းနိုင်သည်။တောဆီးဖြူ (သို့) တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါးကို ပြုတ်သောက်ပါက ဆီးချိုရောဂါ ပျောက်ကင်းသည်။

မြေဆီးဖြူ- မြေဆီးဖြူပင် ပဉ္စငါးပါး ပြုတ်ရည်ကို သောက်ခြင်းဖြင့် ရေဖျဉ်းရောဂါနှင့် ဆီးရောဂါတို့ကို သက်သာစေနိုင်သည်။

နနွင်း- နနွင်းကို သကြားနီခဲနှင့် ရောစပ်၍ ဆန်ဆေးရေနှင့် သောက်ပါက ဆီးအိမ်တွင် ကျောက်တည်ခြင်းကို သက်သာ ပျောက်ကင်းစေသည်။

မြင်းခွာရွက်- ဆီးပူ၊ဆီးအောင့်၊ ဆီးနည်း ရောဂါဝေဒနာရှင်များ မြင်းခွာပင် ပဉ္စငါးပါး သတ္တုရည်ကို သကြားနှင့် သောက်သုံးနိုင်သည်။

အရေပြာ:ရောဂါများ

 Remedies for အရေပြာ:ရောဂါများ

ကင်ပုံရွက်- အရွက်ပြုတ်ရည်ကို လိမ်းပေးပါက အရေပြားပေါ်တွင် ပေါက်သော အနာများကို ပျောက်ကင်းစေသည်။လျှာတွင် အနာပေါက်ခြင်း၊ ပူလောင်ခြင်းများ အတွက် အသီးမှ အရည်ကို ငုံထွေးရည်အဖြစ် သုံးသည်။

ဆီးဖြူသီး- ဆီးဖြူသီး အခြောက်(သို့) အစိုကို သွေး၍သံပရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တက်သော ယားယံနာ၊ ပွေး၊ ညှင်း၊ တင်းတိတ်များကို လိမ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်။

ဆီးဖြူသီး- မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ ဖြူပေးရသည်။

မြေဆီးဖြူ- ကလေးငယ်များ ယားယံလျှင် မြေဆီးဖြူရွက် သတ္တုရည်ကို ရေနှင့်ရောစပ်၍ ဖန်ရည်ဆေးပေးနိုင်သည်။

နားကိုက်ရောဂါ

Remedies for နားကိုက်ရောဂါ

ကင်းပုံရွက်- သတ္တုရည်ကို နှမ်းဆီ (သို့) ရေနှင့် ဖျော်၍ နားတွင်ခတ်ပါက နားကိုက်ရောဂါကို ပျောက်ကင်းစေနိုင်သည်။

ကြက်သွန်ဖြူ- နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီးလိမ်းလျှင် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာစေသည်။

ဂျင်း- ဂျင်းစိမ်းသတ္တုရည် နွေးနွေးကို နားတွင်း ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။

နှလုံးရောဂါ

 Remedies for နှလုံးရောဂါ

ကရမက် - သွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း၊ သောက်ခြင်းဖြင့် လည်းကောင်း နှလုံးရောဂါ ပျောက်ကင်းစေ၏

ကင်းပွန်းချဉ် - အသီးပြုတ်ရည်ကို သောက်ခြင်းဖြင့် နှလုံးရောဂါကို ပျောက်ကင်းစေနိုင်သည်။

ကြက်သွန်ဖြူ- နှလုံးနှင့် ပတ်သက်သော ရောဂါရှင်များအနေနှင့် ကြက်သွန်ဖြူကို ဆေးအနေနဲ့သော် လည်းကောင်း၊ အစာအဟာရအဖြစ်သော် လည်းကောင်း မှန်မှန်စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာစေနိုင်သည်။

ကျွဲကျောင်းမင်ဆေးပင်- ရင်ဘတ်အောင့်ခြင်း ဖြစ်ပွားလျှင် ၎င်းသတ္တုရည်ကို သောက်သုံးနိုင်သည်။

ဂျင်း- ဂျင်းကို စားသုံးခြင်းဖြင့် cholesterol ကျဆင်းပြီး သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။