Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Aye myit tar

အေးမေတ္တာ တိုင်းရင်း ဆေးဆိုင် ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။ **ဆက်သွယ်ရန်**(၀၉-၂၂၀၀၆၃၁/၀၉-၂၁၆၅၁၃၅/၀၆၄-၂၆၈၀၀)

Sunday, November 24, 2013

ဂရိတ်ဖရု


ဂရိတ်ဖရု
Botanical Name:Citrus paradisi
Myanmar Name:ဂရိတ်ဖရု
English Name:Grape Fruit
Family:RUTAEAE
Distribution:
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် များနှင့် မြန်မာပြည် အောက်ပိုင်း ဒေသ များတွင် စိုက်ပျိုး ပေါက်ရောက်သည်။
Appearance:
အမြဲ စိမ်းလန်းသော ပင်လတ်မျိုး၊ မြင့်၏။ မြေပြန့်နှင့် တောင်ပေါ်၌လည်း စိုက်ပျိုး ရ၏။ အကိုင်း အခက် များသည် တစ်ပင်လုံး၌ ချွန်ထက်သော ဆူးများ ရှိသည်။ ၁၀ ပေမှ ၁၅ ပေအထိ မြင့်သည်။ ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ ရှိပြီး ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ပြား ထူ၍ ချောသည်။ အပွင့်သည် သေးငယ်သည်။ အဖြူရောင် ရှိပြီး သင်ပျံ့သော ရနံ့ ရှိ၏။ အသီးမှာ လုံးဝိုင်းသော ပုံသဏ္ဍာန် ရှိသည်။ အသီးမှည့်က အ၀ါရောင် ရှိပြီး အရသာမှာ ချို၊ ချဉ်၊ ခါး အရသာ ရှိသည်။
Useful Part:အသီး၊ အရွက်၊ အစေ့။
Usage:
အသည်း ရောဂါ အမျိုးမျိုး အတွက် သဘာဝ ဆေးကောင်း တစ်လက် ဖြစ်သည်။ အသီးမှည့်ကို ၎င်း အတိုင်း ဖြစ်စေ ဖျော်ရည် ပြုလုပ်၍ ဖြစ်စေ သောက်သုံးနိုင်သည်။ အဆီကျစေရန် အတွက် ကျွဲကောသီး စားသကဲ့သို့ အမွှာများ သင်၍ စားရန်ဖြစ်၏။ ဆီးရောဂါ အမျိုးမျိုး အတွက် ဖျော်ရည် အဖြစ် သောက်သုံး နိုင်၏။ သွေးတိုးရောဂါ၊ နှလုံး ရောဂါများ အတွက် အထူး သင့်တော်သော အသီးကောင်း တစ်မျိုး ဖြစ်ပါသည်။ ခုခံအား ကောင်းလာရန်နှင့် အသား စိုပြေရန် စားသုံးသင့်သည်။ အရွက်ကို ၀က်ရူးရောဂါ၊ အတက် ရောဂါနှင့် ချောင်းဆိုး ရောဂါတွင် အသုံးပြုလေ့ ရှိကြသည်။ ဂရိတ်ဖရုသီး အစေ့ကို Lunbago ခေါ် ခါးနာ ရောဂါတွင် ဆေးဝါး အဖြစ် ဖော်စပ် အသုံးပြုနိုင်သည်။ အသီးမှည့်ကို သန်တုပ် ရောဂါ၊ သည်းခြေ ရောဂါ၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မျက်စိ နာခြင်းတို့ကို ကုသရာတွင် အသုံးပြုသည်။ ဂရိတ်ဖရုသီးကို အာယုဗ္ဗေဒ ဆေးပညာတွင် အရေပြား ရောဂါ (အနာကြီး)၊ ပန်းနာ၊ ချောင်းဆိုး၊ ကြို့ထိုး၊ ၀က်ရူး ရောဂါနှင့် အတက်ရောဂါတို့ ကုသရာတွင် ဆေးဝါးအဖြစ် ဖော်စပ် အသုံးပြုကြသည်။

ခွေးတောက်နွယ်


ခွေးတောက်နွယ်
Botanical Name:Dregea volubilisBenth
Myanmar Name:ခွေးတောက်နွယ်
English Name:-
Family:ASCLEPIADACEAE
Distribution:
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအတိုင်း ပေါက်ရောက်သည်။
Appearance:
နွယ်ပင်မျိုး ဖြစ်၍ ပင်စည်မှာ အခက်အလက်များ ထွက်ပြီး ထပ်မံ နွယ်တက် တက်သည်။ ပင်စည်လုံး၍ အခေါက်တွင် အညိုရောင် အဖုအစက်များ၊ မြောင်းလေးများ ပါရှိသည်။ နှလုံးပုံ ရှိသော အကွက်များ ရွက်ဆိုင် ထွက်ပြီး ရွက်ထိပ်ချွန်သည်။ ရွက်ရင်း အ၀ိုက်များ ညီညာသည်။ ရွက်ကြော ၄ စုံမှ ၅ စုံ အထိ ရှိပြီး ထင်ရှားသည်။ ရွက်ပြား ပြောင်ချော၍ ရွက်နား ညီပြီး ရွက်ညှာ ၁ လက်မမှ ၃ လက်မ ကျော်အထိ ရှည်လျားသည်။ အပွင့်မှာ စိမ်းဝါရောင် ရှိသော အပွင့်ငယ်များ စုပုံပွင့်သည်။ ကြားထွက် ပန်းခိုင် ဖြစ်၍ ပန်းခိုင်မှာ ငိုက်ကျ နေတက်သည်။ တစ်နှစ်ပတ်လုံး အဆက်မပြတ် ပွင့်လေ့ ရှိသည်။ ခွေးတောက်သီးမှာ ကြီး၍ ပြောင်ချောပြီး လှံစွပ်ပုံ ရှိသည်။ အစိမ်းရောင် ရှိသည်။ အတွင်း၌ ပြောင်ချောသော အစေ့လေးများ ရှိသည်။ အစေ့ထိပ်ဖက်တွင် နူးညံ့သော အမွှေးကလေးများ ရှိသည်။
Useful Part:အရွက်၊ အမြစ်။
Usage:
အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။ ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက်စေ၏။ အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။ ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

ဆင်တုံးမနွယ်

ဆင်တုံးမနွယ်
Botanical Name:Tinospora cordifolia Miers
Myanmar Name:ဆင်တုံးမနွယ်
English Name:Heard leaved moonseed
Family:Menispermaceae
Distribution:
မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်သော်လည်း စိုက်ပျိုးပင် အဖြစ်သော် လည်းကောင်း တွေ့ရသည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ပေါက်ရောက်သော အပင်မှာ အခါးဓာတ် ပို၍ အာနိသင်လည်း ပိုမို ထက်မြက်သည်။
Appearance:
ဆင်တုံးမနွယ် ရိုးရိုးနှင့် ဆင်တုံးမနွယ် ဆူးပေါက် ဟူ၍ နှစ်မျိုး ရှိသည်။ ဆင်တုံးမနွယ် ရိုးရိုး၏ နွယ်တွင် ဆူးဖု ကလေးများ မပါဘဲ အရွက်သည် ကင်းပုံရွက်နှင့် ဆင်တူ၍ ကင်းပုံရွက်ထက် ကြီးသည်။ ဆင်တုံးမနွယ် ဆူးပေါက်၏ နွယ်တွင် ဆူးဖုကလေးများ ပါရှိပြီး အရွက်သည် နှလုံးပုံ အရွက် ဖြစ်သည်။ ဆင်တုံးမနွယ်သည် နွယ်ပင်ဖြစ်၍ မှီခိုပင် (သို့) မှီခိုခံ ပစ္စည်း တစ်ခုခုကို နွယ်တက်ရာတွင် လက်ရာရစ် ရစ်ပတ် နွယ်တက်သည်။ အပွင့်သည် နှစ်ပင်ပေါင်း လိင်စုံ ဖြစ်ပြီး အ၀ါရောင် ရှိ၍ အလွန် သေးငယ်သည်။ အဆစ်များမှ ပန်းခိုင်ထွက်သည်။ တပေါင်းလမှ နယုန်လ အတွင်း ပွင့်သည်။ အသီးသည် အ၀ါရောင်ဖြစ်သည်။ အညှာမဲ့သည်။ ဆီးသီးခန့် ရှိသည်။ အသီးများ အပြွတ်လိုက် သီးသည်။ တပေါင်းလ၊ တန်ခူးလ တို့တွင် အသီးမှည့်သည်။
Useful Part:ပင်စည်၊ အမြစ်၊ အရွက်
Usage:
ဆင်တုံးမနွယ် အရှည် ၅ လက်မခန့်ကို ကော်ဖီ ပန်းကန် နှစ်လုံးနှင့် ထက်ဝတ်ကျန်အောင် ပြုတ်ပြီး ပြုတ်ရည်ကို နား၌ ဆေးကြော ပေးခဲ့သော် နားအတွင်းရှိ အညစ်အကြေးများ ကင်းစင်၍ နားကိုက် နားနာ များကို ပျောက်ကင်း စေပါသည်။ ဆင်တုံးမနွယ် အရှည် ၃ လက်မခန့်ကို ထုထောင်းပြီး ရေသန့်သန့် ကော်ဖီ ပန်းကန်လုံး သုံးလုံးဖြင့် တစ်ည စိမ်ပါ။ အဖုံးဖုံးထားပါ။ ၎င်းစိမ်ရည် သန့်သန့်ကို မျက်စိတွင် ခတ်ပေးခြင်းဖြင့် မျက်စိ ဒဏ်နာကို သက်သာ ပျောက်ကင်း စေပါသည်။ ဖာလာဖြူ ၂ ကျပ်သား၊ ၀ါးစိန် (၀ါးအတွင်မှ ရသော ၀ါးဆံ) ၂ ကျပ်သား၊ ဆင်တုံးမနွယ် ၃ ကျပ်သားတို့ကို အမှုန့် ပြုလုပ်၍ ပျားရည် ၁၀ သားနှင့် ရောစပ်ပါ။ ၎င်းဆေးကို တစ်ကြိမ်လျှင် ဟင်းစားဇွန်း တစ်ဇွန်း တစ်ရက် ၂ ကြိမ် သောက်ပေးပါက တီဘီရောဂါ (မြစ်ခြောက်နာ) ကို သက်သာ ပျောက်ကင်း စေပါသည်။ မြင်းခွာရွက် ၃ ကျပ်သား၊ ဆင်တုံးမနွယ် အရှည် ၁ လက်ခခန့်ကို ထုထောင်း၍ ရေ ကော်ဖီ ပန်းကန် ၃ လုံးနှင့် ၃ ပုံ ၁ ပုံ ကျန်အောင် ပြုတ်၍ တစ်ရက်လျှင် ၂ ကြိမ် သောက်ပေးပါက နှလုံးတုန်ခြင်း၊ စိတ်ချောက်ချားခြင်း တို့ကို သက်သာ ပျောက်ကင်းစေပါသည်။ ဆင်တုံးမနွယ်ရွက် ၃ ရွက်ကို ကြိတ်၍ ဒိန်ရည် (ရက်တက်ရည်) ကော်ဖီ ပန်းကန် တစ်လုံးနှင့် တစ်ရက် နှစ်ကြိမ် သောက်သော် ကိုယ်ရေ၀ါ (အသားဝါ) ရောဂါကို ပျောက်ကင်းစေပါသည်။ ဆင်တုံးမနွယ်မှုန့် ၂ ဆနှင့် ချင်းခြောက်မှုန့် ၁ ဆ ရောစပ်၍ တစ်ကြိမ်လျှင် ကော်ဖီဇွန်း ၁ ဇွန်း တစ်ရက်လျှင် ၂ ကြိမ် ရေနွေးနှင့် သောက်သော် အစာမကြေ၊ ရင့်ပြည့် ရင်ကယ် ရောဂါများ ပျောက်ကင်းသည်။ ဆင်တုံးမနွယ်မှုန့် ကော်ဖိဇွန်း တစ်ဇွန်းကို ထောပတ် ဟင်းစားဇွန်း တစ်ဇွန်းနှင့် စားသော် လေရောဂါများ၊ သကြား ကော်ဖီဇွန်း တစ်ဇွန်းနှင့် စားသော် သည်းခြေ ရောဂါများ၊ ပျားရည် ဟင်းစားဇွန်း တစ်ဇွန်းနှင့် စားသော် သလိပ်ရောဂါများ သက်သာ ပျောက်ကင်း စေပါသည်။ ဆင်တုံးမနွယ် ၃ လက်မခန့်ကို ထုထောင်း၍ ရေသန့်သန့် ကော်ဖီ ပန်းကန်လုံး ၃ လုံးဖြင့် စိမ်ပါ။ အဖုံးဖုံးထားပါ။ ၎င်းစိမ်ရည် သန့်သန့်ကို နံနက်-ည အကြမ်း ပန်းကန်လုံး တစ်လုံးခန့် သောက်ခြင်းဖြင့် ဆီးချို ရောဂါ သက်သာစေသည်။ ၀မ်းကိုက် ရောဂါလည်း ပျောက်ကင်းစေသည်။ ဆင်တုံးမနွယ် အရှည် ၃ လက်မခန့်ကို ရေအကြမ်း ပန်းကန် ၃ လုံးဖြင့် ၃ ပုံ ၁ ပုံကျန်အောင် ပြုတ်ပြီး နံနက်-ည သောက်ပေး၍ သော်လည်းကောင်း၊ ထုချေ၍ တစ်ည စိမ်ရည်ကို အကြမ်းပန်းကန်လုံး တစ်လုံး သောက်ပေးသော် လည်းကောင်း၊ မိန်းမများ မီးယပ်ဖြူ ဆင်းခြင်းကို ပျောက်စေသည်။ အဆစ်ရောင် ရောဂါကိုလည်း သက်သာစေသည်။ ဆင်တုံးမနွယ်နှင့် ကြက်ဆူစေ့ကို ဆတူ ကြိတ်၍ ခြေဖ၀ါး၌ လူးပေးလျှင် ခြေဖ၀ါး ပူသော ရောဂါ ပျောက်ကင်းစေသည်။

ဂျင်း


ဂျင်း
Botanical Name:Zingiber officinale
Myanmar Name:ဂျင်း
English Name:Ginger
Family:ZINGIBERACEAE
Distribution:
ဂျင်းသည် မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက် နိုင်သကဲ့သို့ အိန္ဒိယပြည်၊ ဂျပန်ပြည်၊ တရုတ်ပြည်၊ အင်ဒိုနီးရှား နိုင်ငံ များတွင်လည်း ဦးစားပေး စိုက်ပျိုး ပေါက်ရောက် ကြသည်။ ရှမ်းပြည်နှင့် မြန်မာပြည်အနှံ ပေါက်နိုင်သော ဒေသများတွင် ဂျင်းပင်သည် သဲမြေများတွင် လောင်းရိပ် အောက်၌ စိုက်ပျိုး ပါက ပိုမိုကြီးထွား ပေါက်ရောက် နိုင်ကြသည်။ မြန်မာပြည်တွင် အများအားဖြင့် ဗမာချင်း (ချင်းရိုင်း) များအား ပိုမို စိုက်ပျိုး ကြသည်။
Appearance:
ပင်နု၊ ပင်ပျော့ မျိုးဖြစ်ပြီး အစိမ်းရောင် ရှိ၍ အမြင့် ၃ ပေ ၄ ပေ ခန့်အထိ မြင့်သည်။ အရွက်မှာ အစိမ်းရောင် ရှိပြီး ၀ါးရွက် အသေးစားနှင့် တူသည်။တစ်ရွက်လျှင် ၆ လက်မမှ ၈ လက်မခန့် ရှည်သည်။ စိမ်းဝါရောင် ပန်းပွင့် ကလေးများ ပွင့်သည်။ မိုးရာသီတွင် ပွင့်လေ့ ရှိသည်။ မြေအောက် သဲမြေမျိုးတွင် စိုက်ပျိုးရ လွယ်ကူသော အညိုနုရောင် မြေအောက် ပင်စည်မျိုး ဖြစ်သည်။ ဂျင်းတက်တွင် အဆစ်များ ရှိ၍ အဆစ်နေရာတွင် အဖတ်၊ အတက် ကလေးများ ရှိတက်သည်။
Useful Part:
ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။
Usage:
၎င်းဂျင်း အတက်များကို မြန်မာပြည် အပါအ၀င် နိုင်ငံ တော်တော် များများတွင် ဟင်းလျာ များ၌ လည်းကောင်း၊ စားစရာ အဖြစ် လည်းကောင်း၊ ငရုတ်သီး အစားထိုး ပစ္စည်း အဖြစ် လည်းကောင်း အသုံးပြု ကြသည်။ အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ဂျင်းပါးပါး ၇ လွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။ ဂျင်း၊ ဖန်ခါးသီးနှင့် ထောပတ်ကို ရောချက်၍ သက်ရှည် တေဆေး အဖြစ်လည်း အသုံးပြု နိုင်ကြပါသည်။ သွားကိုက် ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။ နားကိုက် ရောဂါတွင် ဂျင်းစိမ်း သတ္တုရည် နွေးနွေးအား နားတွင် ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါ ပျောက်စေပါသည်။ ဇက်ကြော တက်သူများ အတွက် ဂျင်းပါးပါး လှီးပြီး မီး အနည်းငယ် ပြပါ။ ပြီးလျှင် ဇက်ကြောတက်သည့် နေရာ၌ ကပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ သွေးကြောပိတ်၍ ဖြစ်ပေါ်တက်သော အချို့ခြေထိပ်နာများ၊ ခြေဖျား အေးခြင်းများကို ဂျင်းစိမ်း ၂ ကျပ်ခွဲသားအား သေးသေးလှီးပြီး အရက် တစ်ပုလင်းတွင် စိမ်ပါ။ နံနက် တစ်ဇွန်း ည တစ်ဇွန်း တိုက်ပေးပါ။ အနာ ပေါ်သို့လည်း လောင်းထည့်ပေးပါ။ ဤသို့ဖြင့် သွေးကြော ကျဉ်းခြင်းများ၊ ပိတ်ခြင်းများ ဖွင့်ခါ သက်သာ ပျောက်ကင်း စေနိုင်ပါသည်။ အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။ ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎င်းရောဂါကို ပျောက်ကင်းစေ ပါသည်။

ခံတက်

ခံတက်
Botanical Name:Crataeva religiosa Forst
Myanmar Name:ခံတက်
English Name:Three Leaved caper; Garlie pear
Family:CAPPAIRDACEAE
Distribution:
မြန်မာ နိုင်ငံ အောက်ပိုင်း မြစ်နား ချောင်းနားတွင် အများဆုံး တွေ့ရသည်။ အမြင့်ပေ ၃၅၀၀ ထိ ပေါက်ရောက်သည်။
Appearance:
ရွက်ကြွေ ပင်လတ်မျိုး ဖြစ်ပြီး ပေ ၃၀ ကျော် အထိ မြင့်၏။ အကိုင်း အညွန့် များပေါ်တွင် အဖြူစင်းများ ရှိ၍ ပင်စည် အခေါက်မှာ မီးခိုးရောင် ရှိ၏။ အတွင်းသားမှာ မာဆက်ပြီး အ၀ါရောင် ရှိသည်။ ရင့်သောအခါ အညိုရောင်သို့ ပြောင်းသွားသည်။ ၃ ရွက်မြွှာပေါင်း ဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်၍ ရွက်မြွှာများမှာ ၃ ပေမှ ၆ ပေထိ ရှည်သည်။ ရွက်ပြား၏။ ကျောဖက်တွင် ရွက်ကြောများ ထင်ရှားစွာ ရှိသည်။ ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်နား ညီပြီး ရွက်ပြား ချောသည်။အပွင့်သည် အချင်း ၂ လက်မမှ ၃ လက်မ ရှိသည်။ အပွင့် ကြီးမားပြီး အ၀ါနုရောင် ရှိ၍ အမြောက် အများ ပွင့်သည်။ အသီးမှာလည်း အ၀ါရောင် ရှိသည်။ အချင်း ၁ လက်မမှ ၂ လက်မ ရှိ၍ ဘဲဥ သို့ လုံးဝိုင်းသည်။ အသား ထူသည်။ အခွံ မာ၍ ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များ ပါရှိသည်။
Useful Part:အခေါက်၊ အရွက်၊ အမြစ်။
Usage:
ခံတက် ရွက်မှာ နွေရာသီတွင် ဖြိုင်ဖြိုင် ပေါ်သည့် အရွက် ဖြစ်သည်။ ခံတက်ရွက်ကို ပြုတ်သောက် ခြင်းဖြင့် နွေဥတုတွင် ဖြစ်တက်သော အပူ ၀မ်းလျှော ၀မ်းပျက် ရောဂါများ၊ ချွေးငုပ်၊ မိတ်ငုပ်၊ ဓာတ်ငုပ် ရောဂါများ ပျောက်ကင်း၏။ ကလေးများတွင် ဖြစ်တက်သော ၀က်သက်၊ ရေကျောက်၊ ပဲသီတာ စသည့် အပူနာ ရောဂါများ အတွက် ကြိုတင် ကာကွယ်ဆေး အဖြစ် ခံတက်ရွက်ကို သကြား၊ ထန်းလျက်၊ ပျားရည် စသည်တို့ဖြင့် သင့်လျော်သလို တစ်မျိုးမျိုးဖြင့် တွဲဖက်၍ သောက်သုံး နိုင်ပါသည်။ သီတ (အအေး) အကြောင်းခံပြီး ဖြစ်သော ဆီးချို၊ လေငန်း၊ သွေးတိုး ရောဂါ၊ ရုပ် လေးလံ ထိုင်းမှိုင်းခြင်း၊ ရုပ်ဝပြီး သွေးကြော လေကြောများ ကျဉ်းခြင်း၊ အကြောတက်ခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း စသည့် ရောဂါများ အတွက် ခံတက်ရွက်ကို သုတ်စားခြင်း၊ ပြုတ်သောက်ခြင်းဖြင့် သက်သာ ပျောက်ကင်း စေ၏။ အရွက်ကို ကြိတ်၍ ရေနှင့် ဖျော်ပြီး မီးနှင့် နွေးအောင် ပြု၍ ကိုက်ခဲနာကျင်သော နေရာတွင် လိမ်းပေးပါက အကိုက်အခဲများ ပျောက်၏။ ခံတက်ရွက် ကြိတ်ရည်နှင့် ကွမ်းရွက် ကြိတ်ရည် တို့ကို ဆတူရော၍ ထောပတ် သင့်ရုံနှင့် သောက်ပါက အဆစ်ရောင် ရောဂါ ပျောက်ကင်းသည်။ ခံတက်ချဉ် ထည့်စားခြင်း၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါ ပျောက်ကင်းသည်။ သက်တန့်နာနှင့် အနာပေါက် ရောဂါတို့တွင် ခံတက်ခေါက်ကို ပရံန္န၀ါမြစ် နှင့် သွေးသောက် ပါက လျင်မြန်စွာ ပျောက်ကင်းသည်။ ခံတက်မြစ်ကို လေးပုံ တစ်ပုံ ကြွင်းကျန်အောင် ပြုတ်သောက်ပါက ဆီးချို ရောဂါ သက်သာ ပျောက်ကင်း စေသည်။ ခံတက်ခေါက်ကို လေးပုံ တစ်ပုံ ကြွင်းကျန်အောင် ပြုပြီး အဆိုပါ ပြုတ်ရည်ကို ကြံသကာ ရော၍ သောက်က ဆီးကျောက်တည် ရောဂါ၊ ဆီးအိမ် ရောဂါ များကို သက်သာ ပျောက်ကင်း စေပါသည်။ ခံတက်မြစ်ကို အပြင်းအထန် ဖျားသော ရောဂါ များတွင် ကုသသည့် ဆေးများ၌ ပါဝင် အသုံးပြုပါက ထိရောက်စွာ အကျိုး သက်ရောက်မှု ရှိပါသည်။

ကွမ်းသီး

ကွမ်းသီး
Botanical Name:Areca catechu L
Myanmar Name:ကွမ်းသီး
English Name:Betle Nut
Family:PALMACEAE
Distribution:
မြန်မာပြည် အနှံတွင် ပေါက်ရောက် သော်လည်း အပူပိုင်း ဒေသတွင် ပိုမို ပေါက်ရောက်သည်။ ကွမ်းသီး မွှေးလည်း ရှိသည်။ အလုံးက မကြီးမားချေ။ တောင်ငူ ခရိုင် အတွင်း၌ ရှိသည်။
Appearance:
အပင်ကြီးမျိုးနှင့် အပင်ငယ်မျိုး ဟူ၍ နှစ်မျိုးရှိသည်။ အပင်နှင့် အသီး အကြီး အငယ်သာ ကွာ၍ ကျန်အားလုံး တူသည်။ တောကွမ်းသီးပင် ခေါ် အပင်နိမ့် ကလေးများ ရှိ၏။ အပင်လုံး တီးတီး ဖြစ်၍ အမြင့် ၁၀ ပေမှ ၃၀ မီတာ မြင့်သည်။ အများအားဖြင့် လုံးပတ် ၅၀ စင်တီ မီတာ ရှိတက်၏။ အရွက်မှာ ချောမွတ်၍ အပေါ်ဖြတ်ထားသော အစိတ်အပိုင်းများ ဆက်နေသည်။ ရွက်ညှာ ပေါများသည်။ ရွက်စွယ်လည်း ရှိသည်။အဖို၊ အမ နှစ်မျိုး ရှိသည်။ အမပွင့်နည်း၍ အဖိုပွင့် နည်းပါးသည်။အသီးမှာ သုံးမျိုး ရှိသည်။ ကွမ်းသီး အရင့် လုံးလုံးမျိုးကို ပြောင်ဟု ခေါ်သည်။ ကွမ်းသီး အလတ်စားကို အသားပွ ဟု ခေါ်သည်။ နုသော ကွမ်းသီးခြောက် အမျိုးမျိုးကို ကြက်ချေး ဟုခေါ်သည်။
Useful Part:အသီး
Usage:
အနာပေါက် ရောဂါများ၌ သွေး၍ လိမ်းနိုင်သည်။ အပူလောင် ပြည်ဖုများ၌ ကွမ်းသီး ကြက်ချေးကို သွေးလိမ်းလျှင် ပျောက်ကင်း စေနိုင်သည်။ ရှားစေးနှင့် တောင်ငူ ကွမ်းသီး ဆတူ ရော၍ တိုက်ကျွေးလျှင် မီးယပ် သွေးလွန်ခြင်းကို ပျောက်ကင်း စေနိုင်သည်။ လေပွခြင်း၊ အစာမကြေ၊ ကျောဗိုက်အောင့်၊ ၀မ်းပျက်ခြင်း၊ ၀မ်းရစ်နာခြင်း၊ အဖောရောဂါ၊ ဆီးသွားရ ခက်ခြင်း၊ ကိုယ်ဝန် ဆောင်စဉ် ခဏခဏ အန်ခြင်း အတွက် ပြုတ်ရည်ကို တစ်နေ့ ၆ ပဲမှ ၁၂ ပဲသား တိုက်ကျွေး နိုင်သည်။ ၀မ်းပျက် ၀မ်းကိုက် ရောဂါ၌ တစ်နေ့လျှင် ပဲဝက်မှ ၄ ပဲသားအထိ တိုက်ကျွေး နိုင်သည်။ ကွမ်းသီးတွင် ပါဝင်သော Arecoline ဓာတ်သည် သူငယ်အိမ် ညှစ်အားကို ကောင်းစေပြီး မျက်လုံးအိမ် တင်းအားကို လျော့ကျစေသည်။ ဘရင်ဂျီနာ ဖြူးလိမ်းဆေး အဖြစ် ပြောင်းချေး ၁ ပဲ၊ မန်ကျည်းစေ့ခွန် ၁ ပဲ၊ ဒုတ္တာ ၁ ပဲ၊ ကွမ်းသီးကြက်ချေး ၁ ပဲ၊ ၎င်း ဆေးတို့ကို မီးသင်း၍ ညက်အောင်ကြိတ်၊ အနာမှာ ထည့်ပါ။

ကွမ်းရွက်

ကွမ်းရွက်
Botanical Name:Piper betle Linn
Myanmar Name:ကွမ်းရွက်
English Name:BETLE VINE
Family:PIPERACEAE
Distribution:
မြန်မာ နိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ စိုက်ပျိုးပင် ဖြစ်သည်။
Appearance:
ကပ်ပါး နွယ်ပင်မျိုး ဖြစ်သည်။ ပင်စည်လုံး သေးသွယ် ပြောင်ချောသည်။ အမြစ်များ ထွက်နေသော ထစ်ဖုများ ရှိသည်။ တစ်ခါ တစ်ရံ ဂလင်းများ ပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ကွမ်းပင်တွင် အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့် ခွဲထားသည်။ ရွက်လွှဲ ထွက်သည်။ နှလုံးပုံ ရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းရှိ အ၀ိုက်များ ညီညာသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်းပါရှိ၏။ ပန်းပွင့် အလွန် သေးငယ်သည်။ ဖိုမ သီးသန့် ရှိသည်။ ပန်းခိုင်များသည် အရွက်နှင့် မျက်နှာချင်းဆိုင် ထွက်၏။ အဖို ပန်းခိုင်သည် ပို၍ သေးသည်။ အသီးသည် အလွန် သေးငယ်သည်။ လုံးဝိုင်း၍ တစ်စေ့သီး ဖြစ်သည်။
Useful Part:အရွက်
Usage:
ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။ ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ၀မ်းသွားခြင်း၊ ဖျားနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။ အဖျားကြောင့် ဖြစ်သော ခေါင်းကိုက် ရောဂါများ၌ ကွမ်းရွက် မျက်စဉ်း အဖြစ် ခတ်ပေးနိုင်သည်။ မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံး ပေါ်တွင် ကပ်ပေးနိုင်သည်။ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သော အဖျား၊ လည်ချောင်းနာ ရောဂါများကို ပျောက်ကင်း စေနိုင်သည်။ သွေးတိုး ရောဂါတွင် သွေးတက်သည့် အခါ ချက်ချင်း ပျစေရန် ကွမ်းရွက် သတ္တုရည်ကို ညှစ်၍ တိုက်ကျွေးနိုင်သည်။

Wednesday, November 20, 2013

မုယားကြီး

မုယားကြီး
Botanical Name:Adhatoda vasica Nees
Myanmar Name:မုယားကြီး
English Name:Malabar Nut
Family:ACANTHA
Distribution:
ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင် မြို့တို့တွင် အများဆုံး ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
Appearance:
ချုံပင်မျိုး ဖြစ်သည်။ အမြင့် ၄ ပေမှ ၈ ပေ အထိ မြင့်သည်။ ပင်စည် လုံးဝန်း၏။ ချောမွတ်၏။ အဆစ်များ ဖောင်းကြွ၏။ ညိုခြောက်ခြောက် အရောင်ရှိသော အကိုင်းအခက် များစွာ ဖြာထွက်၏။ အရောင်ကို လိုက်၍ အဖြူ အနက် နှစ်မျိုး ရှိသည်။ အဖြူမှာ အရွက်ရိုးစိမ်း၍ အနက်မှာ အရိုးအနက်ရောင် သန်း၏။ အရွက်များသည် နှစ်ရွက်စီ ရွက်ဆိုင် အလှည့်ကျ ထွက်၏။ အကိုင်းများ အဖျားပိုင်းတွင် စုထွက်သည်။ ရွက်ထိပ်ချွန်သည်။ ရွက်နား ညီ၏။ အလျား ၄ လက်မမှ ၈ လက်မအထိ ရှည်သည်။ အရင်း ချွန်၏။ ရွက်ကြော ထင်ရှား၏။ အပေါ် မျက်နှာပြင် ချောမွတ်ပြီး အောက် မျက်နှာပြင်မှာ အမွေးနုလေးများ ရှိ၏။ အဖြူ အနီ နှစ်မျိုး ရှိသည်။ ပန်းအပွင့် တို့သည် အရွက်နှင့် ဆင်သော ပွင့်ခံရွက် ရှိ၏။ ပွင့်ညှာ အလွန်တိုသည်။ ပွင့်ဖတ် အုံဆက် ဖြစ်၏။ အရင်းထိ ဟိုက်သည်။ ပွင့်ဖတ် အုံဝိုက် ၅ ခုရှိသည်။ ပွင့်ဖတ် အုံဝိုက်တို့သည် လွှသွား ပုံသဏ္ဍာန် ရှိသည်။ ပွင့်ချက် အုံပြွန်သည် ပွင့်ချက် အုံဝိုက်၏ အလျားထက် တို၏။ ၀တ်မှုန်ခံတိုင်သည် ၀တ်ဆံ တိုင်ထက် တို၏။ သီတင်းကျွတ်၊ တန်ဆောင်မုန်း လတွင် ပွင့်၏။အသီးသည် အက်ကွဲသည်။ ဥဖျားသွယ် အစေ့လေးစေ့ကို ဆောင်သည်။ အမွှေးနုများ ဖုံးလွှမ်းထားသည်။ တပို့တွဲ လတွင် အသီး မှည့်သည်။
Useful Part:အရွက်၊ အမြစ်၊ ပဉ္စငါးပါး
Usage:
တြစုသီးကို မုယားကြီးရွက် ညှစ်ရည်နှင့် စိမ်၍ တစ်ခွက်စာ ကြွေဇွန်းကြီး သုံးဇွန်းမျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။ မုယားကြီး အရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးပါက သွားနာ၊ သွားကိုက်၊ သွားဖုံး သွေးယိုခြင်း၊ သွားနဲ့ခြင်းများ ပျောက်၏။ မုယားကြီး ရွက်ကို မျက်ရည်ယိုခြင်း၊ မျက်လုံး နီမြန်း၍ ပူလောင်ခြင်း၊ မျက်လုံးကိုက်ခြင်း၊ မှုန်ခြင်း၊ နာခြင်း၊ နံနက် အိပ်ရာထ မျက်ချေး များစွာ ထွက်ခြင်း၊ မျက်စိ ယားယံခြင်း စသော မျက်စိ ရောဂါများ၌ ၎င်း အရွက်ကို ညက်အောင် ကြိတ်၍ ၃၊၄ ရက်မျှ အုံပေးပါက အထက်ပါ ရောဂါများ ပျောက်ကင်း၍ မျက်စိအားတိုး လာပါ လိမ့်မည်။ မုယားကြီးရွက် တစ်ဆုပ်စာကို ရေသုံးခွက် တစ်ခွက်တင် ပြုတ်၍ တစ်နေ့ သုံးကြိမ် သောက်လျှင် သွေးဝမ်း၊ ဒူလာ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်စေသည်။ မုယားကြီးရွက် ပြုတ်ရည်နှင့် ယားနာများကို ဖန်ရေ ဆေးပေးပါက ပျောက်ကင်းနိုင်၏။ မုယားကြီးရွက်ကို ခမ်းအောင် ကျို၍ ၎င်းရေ ခပ်နွေးနွေးကို နှုတ်ငုံဆေး အဖြစ် မကြာမကြာ ငုံထွေးခြင်း ပြုပါက သွားကိုက်၊ သွားနာ၊ သွားပိုး၊ သွေးယိုစိမ့် ပျောက်ကင်း၏။ မုယားကြီး အပင်ပေါက်စ နုနုကို တစ်ပင်လုံး ယူ၍ ကြိတ်ပြီးလျှင် ၎င်း သတ္တုရည်ကို ယူပါ။ ၎င်းကို သကြားခဲ၊ ပျားရည်နှင့် သင့်တော်ရုံ ထည့်၍ သောက်က ကိုယ်ရေ၀ါ ရောဂါ ပျောက်ကင်း၏။ မုယားကြီးရွက် သတ္တုရည်နှင့် ပျားရည် ဆတူ စပ်၍ ကြေးဇွန်းကြီး တစ်ဝက်မျှ နေ့စဉ် နှစ်ကြိမ် သောက်ပါက မီးယပ် သွေးလွန်နာကို ပျောက်စေသည်။ မုယားကြီးရွက် သတ္တုရည်တွင် သကြားခဲနှင့် သိန္ဒော သင့်ရုံထည့်၍ တစ်ခွက်စာ ကြေးဇွန်းကြီး တစ်ဇွန်းမျှ သောက်ပါက ပန်းနာ၊ ရင်ကျပ်နှင့် ချောင်းဆိုး ရောဂါ သက်သာ စေနိုင်ပါသည်။ ၎င်း အရည်ကို ပါးစပ်နာများအား လိမ်းပေးပါက ပျောက်ကင်း၏။ မုယားကြီးအနက် အမြစ်ကို ရေအေးနှင့် သွေး၍ ကင်းကိုက်သော နေရာကို လိမ်းပေးပါက ကင်းဆိပ်ပြေ၏။ မုယားကြီးမြစ်ကို ပိုးမွှား သတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံး ပြုနိုင်သည်။

ပိစပ်

ပိစပ်
Botanical Name:Eupatorium cannabinum Linn
Myanmar Name:ပိစပ်
English Name:Hemp Agrimony
Family:COMPOSITAE
Distribution:
မြန်မာနိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ အလေ့ကျပင် အဖြစ် ပေါက်ရောက် ကြသည်။
Appearance:
ပိစပ်ပင်တွင် ပိစပ် ရိုးရိုးနှင့် ပိစပ် (တော) ဟူ၍ နှစ်မျိုး ရှိသည်။ ပိစပ် ရိုးရိုးသည် အပင်ငယ်မျိုး ဖြစ်သည်။ အပွင့်သည် အ၀ါရောင် ဖြစ်သည်။ အရွက်မှာ လက်ဝါး သဏ္ဍာန် ခွေးသွားစိပ်များ ရှိသည်။ ရွက်ဖျား ချွန်၏ အပွင့်သည် အပင် ထိပ်ဖျား အခက်ဖျား ပွင့်၏။ ၎င်းအပွင့်သည် စူးရှသော အနံ့ထွက်၏။ ၎င်းသည် ပဉ္စငါးပါး အလုံးစုံ ခါးသည်။
Useful Part:ပဉ္စငါးပါး
Usage:
ပိစပ်ရွက်ကို ပြုတ်ပြီး တို့စားစရာ ဟင်းအဖြစ် လည်းကောင်း၊ သားငါးများနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း၊ စားသုံးပါက ၀မ်းမီးကို တောက်စေ၍ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက်ခြင်းကို ပျောက်ကင်း စေပါသည်။ နာတာရှည် ၀မ်းပျက်ခြင်း အတွက် အထူး သင့်လျော်သော ဟင်းလျာ တစ်မျိုးလည်း ဖြစ်ပါသည်။ ပိစပ်ရွက်ကို သင့်တော်သော အတိုင်းအတာ အထိ သုံးပါက ဆီးရွှင်စေပြီး၊ ချွေးထွက် စေပါသည်။ ပိစပ်ကို အလွန်အကဲ ဆေး၌ အသုံးပြုပါက အန်တက်သည်။ ပိစပ်သည် ကိုယ်ရေ၀ါ ရောဂါ၊ သွေးအန် သွေးကျ ရောဂါ၊ အနာပျက် ရောဂါ၊ ရောင်တင်းခြင်း တို့၌ အသုံးပြု နိုင်သည်။ ပိစပ်ရွက်သည် သွေးကို ကြွစေ၊ သက်စေ တက်သဖြင့် မီးယပ် သွေးငုပ်သူများနှင့် သင့်တော် ပါသည်။ ပိစပ်ရွက် သတ္တုရည်ကို အောင်စ၀က်ခန့် တိုက်ကျွေးပေးခြင်းဖြင့် ငှက်ဖျား ရောဂါနှင့် အဆိပ်ရှိ သတ္တ၀ါများ ကိုက်ခဲခြင်းကို ပျောက်စေနိုင်သည်။ အအေးမိ ရောဂါနှင့် တုပ်ကွေး ရောဂါ များတွင် ပိစပ်ရွက် ပဉ္စငါးပါးကို ကွမ်းရွက်နှင့် ပြုတ်၍ အောင်စ ၀က်ခန့် တိုက်ကျွေးပါက သက်သာ စေသည်။ ပိစပ်ရွက်သည် တုတ်နှင့် သန်ကို ကျစေ နိုင်သော အစွမ်းရှိသည်။ ပိစပ်ရွက် သတ္တုရည် အောင်စ၀က် ခန့်ကို သိန္ဒောဆားနှင့် တိုက်ပေးပါက သလိပ်ကို ကြေစေပြီး၊ သလိပ်ကို ရွှင်စေသည်။ ပိစပ်ကို ရိုးကိုက်ဖျားခေါ် ကြွက်သား ရိုးဆက်များ ပြင်းထန်စွာ ကိုက်ခဲ၍ ဖျားနာခြင်းကို ကုသရာတွင် သုံးသည်။ ပိစပ် သတ္တုရည်ကို အစာ မကြေသော ရောဂါများတွင် သုံးသည်။ ပိစပ် (တော) ၅၀ကျပ်သားကို ရေစင်အောင် ဆေး၍ ထောင်းထုပြီး အရွက်ဦးရည် (သို့) အရက်ပျံ ၁၀၀၀ စီစီတွင် သုံးရက်ကြာ စိမ်ထားပါ။ ၎င်း ဆေးရည်ကို ထိခိုက်ရှနာ ၊ ဒဏ်ရာ၊ အဆစ် အမြစ် ကိုက်ခဲနာ၊ အဖော အရောင်နှင့် အနာပေါက် ရောဂါ များတွင် ထည့်ပေးခြင်း၊ လိမ်းပေးခြင်းများ ပြုလုပ်ပါက အဆိုပါ အနာ ရောဂါများ လျင်မြန်စွာ သက်သာ ပျောက်ကင်း နိုင်သည်။ ပိစပ်ရွက် သတ္တုရည် (သို့) အဆိုပါ အရည်သည် အထူး အားဖြင့် ထိခိုက် ရှနာနှင့် ဒဏ်ရာများ အတွက် အထူး အစွမ်း ထက်သော ဆေးဖြစ်သည်။ ပိစပ် (တော) ပဉ္စငါးပါး ပြုတ်ရည်ကို အနှစ် ရအောင် ကျိုပြီး ပျားရည်နှင့် ရောစပ် သောက်သုံးပါက အာယုဝဎုန ဆေးအဖြစ် အသက်ကို ရှည်စေသည်။

ကျွဲကျောင်းမင်ဆေး


ကျွဲကျောင်းမင်ဆေး
Botanical Name:Euphorbia hitta
Myanmar Name:ကျွဲကျောင်းမင်ဆေး
English Name:Milk Bush
Family:EUPHORBIACEAE
Distribution:
ယခင် အာဖရိက တိုက်တွင်သာ ရှိသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ အပါအ၀င် အရှေ့တိုင်း နိုင်ငံ အားလုံး၌ ပေါက်ရောက်သည်။ သဘာဝ ပေါက်သော အပင် ဖြစ်သည်။
Appearance:
အရွက်ချွန်သည့် အနီမျိုးနှင့် အရွက်တုံးသည့် အစိမ်းမျိုါ် နှစ်မျိုးရှိပြီး ကြဗဟုံးပင် ဟုခေါ်သည်။ အသီးသည် ပြောင်းစေ့နှင့် တူသည်။ အပင်သည် မြေကပ် ပေါက်သော အပင်ငယ်မျိုး ဖြစ်သည်။
Useful Part:ပဉ္စငါးပါး၊ အရွက်၊ အစေး (အကိုင်းအခက် ချိုးလျှင်)
Usage:
ပဉ္စငါးပါး ပြုတ်ရည်ကို ပန်းနာ၊ ရှိုက်နာ၊ လေပြွန်ချောင်း ရောင်တင်းသော ရောဂါတို့၌ လည်းကောင်း၊ ကလေးတို့ သလိပ် ကျပ်သော ရောဂါတို့၌ ကောင်းစွာ အကျိုးပြု၏။ သတ္တုရည်ကို ပန်းနာ မောပန်းမှုတွင် အသုံးပြုနိုင်၏။ မည်သည့် အကြောင်း ကြောင့်ဖြစ်စေ ၊ ပန်းနာ ရင်ကျပ်၊ သွေးနှင့် ရော၍ အန်ထွက်ခြင်း၊ ရင်ဘတ် အောင့်ခြင်းတို့နှင့် သုံးနိုင်၏။ ၎င်းအပြင် အရေပြား ရောဂါတွင် သတ္တုရည်ကို သုတ်လိမ်း၍ ကုသနိုင်သည်။ ၀က်သက် ရောဂါတွင်လည်း သုံးနိုင်သည်။ အိပ်ငိုက်သော ရောဂါတွင်လည်း အသုံးပြု၏။ ကလေးများတွင် ပိုးရောဂါနှင့် အူတွင်းရောဂါ၊ ချောင်းဆိုးရောဂါ တို့တွင် အသုံးများ၏။ အစေးကို မျက်နှာတွင် ဖြစ်သော ၀က်ခြံ၊ ပွေးနှင့် အနာစက်တို့တွင် သုတ်လိမ်းပေးလျှင် ပျောက်ကင်း၏။ အရွက်ကို သုတ်စားခြင်းဖြင့် သားသည် အမေများ နို့ထွက် သန်စေသည်။ အစာအိမ်၌ တိက္ခ၀မ်းမီး အားကြီးမှုကို အရွက်ကို သုတ်စားပြီး ရေသောက်ပါ။ အကျိုးပြုပါသည်။ နွားနို့ (၁၅) ကျပ်သားအား (၅) ကျပ်သား ကျန်အောင် ကျိုပြီး အအေးခံပါ။ ကျွဲကျောင်းမင်ဆေး ရေစင်အောင် ဆေး၍ စားပြီး ၎င်း နွားနို့ကို သောက်ပါ။ ပန်းသေ၊ ပန်းညှိုးအတွက် ဆေးကောင်း တစ်လက် ဖြစ်သည်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ
Botanical Name:Allium sativum Linn
Myanmar Name:ကြက်သွန်ဖြူ
English Name:Garlic
Family:LILIACEAE
Distribution:ရှမ်းပြည်နယ်တွင် အများအပြား စိုက်ပျိုး ပေါက်ရောက်သည်။
Appearance:အပင် - ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ ၁ ပေခန့် အထိ ရှည်သည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင် ရှိပြီး အနည်းငယ် မာကျော၍ အ၀ိုင်းငယ် ပုံသဏ္ဍာန် ရှိ၏။ ၎င်းမှ အမြစ်များ ဖျာထွက်သည်။
အရွက် - အရွက်များ မြေပေါ်သို့ ဥထွက်သည်။ ရှည်လျား သေးသွယ်၍ ပြားချပ်သော အကြော ပြိုင်ထွက်များ ဖြစ်ပြီးလျှင် စိမ်းပြာရောင် ရှိသည်။
အပွင့် - ပန်းခိုင်မှာ လုံးဝိုင်းပြီး ပန်းပွင့်များ စုပေါင်းနေသည်။ ပြာသိုလ၊ တပို့တွဲလတွင် ပွင့်သည်။
ဥ - အဖြူရောင် ရှိပြီး သေးငယ်သည်။ ကျယ်ပြန့်သော ဘဲဥပုံ ဖြစ်သည်။ တစ်ဥတည်း (သို့) အတက်များဖြင့် စုပေါင်းနေပြီး အခွံ့ပါးဖြင့် ဖုံးအုပ်ထားသည်။
Useful Part:ကြက်သွန်ဖြူဥ
Usage:
အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို ပျောက်စေသည်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေသည်။ ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေသည်။ ရောဂါပိုးများ သေစေနိုင် သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ များတွင် တိုက်ကျွေးနိုင်သည်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။ နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျဉ်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။

ကင်းပုံ

ကင်းပုံ
Botanical Name:Coccinia indica W&A
Myanmar Name:ကင်းပုံ
English Name:Wild Snake Gound
Family:CUCURBITACEAE
Distribution:မြန်မာ နိုင်ငံ အနှံအပြား၌ ပေါက်ရောက်သည်။ သဘာဝ အလျောက်သော် လည်းကောင်း၊ စိုက်ပျိုးပင် အဖြစ်သော် လည်းကောင်း ပေါက်ရောက်သည်။
Appearance:အပင် - သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည်သေး၍ နွယ်နှာမောင်းများ ရှိသည်။
အရွက် - အရွက်တွင် အ၀ိုက် သုံးခုပါရှိပြီး ရွက်နားတွင် လှိုင်းတွန့် အနည်းငယ် ရှိသည်။ အရွက်ရင်း ဟိုက်သည်။ အရွက်သည် ပါးပြီး မျက်နှာပြင် ချောမွတ်သည်။
အပွင့် - အပွင့်မှာ ရှည်လျားသည်။ ပွင့်ချပ်ထိပ်တွင် နီညိုရောင် သန်းသည်။ ပွင့်ဖတ်မှာ အဖြူရောင် ဖြစ်သည်။ ပွင့်ဖတ် ၅ ခုပါရှိပြီး အပွင့်ညှာ ရှည်သည်။ တစ်နှစ်ပတ်လုံး ပွင့်သည်။
အသီး - အသီးမှာ ဆလင်ဒါပုံ ဖြစ်ပြီး အရောင်မှာ အစိမ်းရောင်ပေါ်တွင် အဖြူစင်းများ ပါရှိသည်။ အသီးခွဲမှာ ပြောင်ချောသည်။ မှည့်ပါက လိမ္မော်ရောင် ပြောင်းသည်။ ကင်းပုံသီးတွင် အချို၊ အခါး နှစ်မျိုးရှိသည့် အနက် အခါးမှာ ပိုမို ဆေးဖက်ဝင်သည်။
အစေ့ - အစေ့သည် လွန်းပျံပုံ ရှိပြီး အရောင်မှာ ဖြူဝါရောင် ဖြစ်သည်။
Useful Part:ပဉ္စငါးပါး၊ အရွက်၊ အသီး ၊အမြစ် တို့ကိုသုံးသည်။ အသီးတွင် အချိုသီးကို ဟင်းလျာအဖြစ် စားသုံးကြသည်။ ကင်းပုံရွက်ကို ဆီးချိုရှိသူများ ကြော်ချက် စားကြသည်။
Usage:
ပဉ္စ ငါးပါးကို ပြုတ်၍ သလိပ် ရွှင်ဆေး အဖြစ် သုံးသည်။ ချောင်းဆိုးခြင်း ကိုလည်း ပျောက်စေသည်။ အရွက် သတ္တုရည်ကို ဆီးချို ရောဂါတွင် အဓိက သုံးသည်။ အဆုတ်ပြွန် ရောင်ခြင်း၊ ပန်းနာ ရောဂါ များတွင်လည်း သုံးသည်။ သည်းခြေနှင့် ဆိုင်သော အဖျားရောဂါ ဖြစ်ပါက ကင်းပုံရွက်နှင့် နံနံစေ့ကို အမျှဆီယူ၍ ပြုတ်သောက် ပါက ပျောက်ကင်း နိုင်သည်။ သန်းကျ စေရန်နှင့် ၀မ်းသက် စေရန်လည်း သုံးပါသည်။ ကင်းပုံရွက် သတ္တုရည်ကို နှမ်းဆီ (သို့) ရေနှင့် ဖျော်၍ နားတွင်း ခတ်ပါက နားကိုက် ရောဂါကို ပျောက်ကင်း စေနိုင်သည်။ အရေပြား ပေါ်တွင် ပေါက်သော အနာများတွင် အရွက် ပြုတ်ရည်ကို လိမ်းပေးပါက ပျောက်ကင်း သက်သာ စေသည်။ ရေယုန်နာ ပေါက်ပါက အရွက် သတ္တုရည်နှင့် သုတ်လိမ်း ပေးရသည်။ လျှာတွင် ပူလောင်ခြင်း၊ အနာ ပေါက်ခြင်း များအတွက် အသီးမှ အရည်ကို ငုံတွေးရည် အဖြစ် သုံးသည်။ မိခင်နို့ ထွက်စေရန်လည်း ကင်းပုံသီးကို စားသုံးကြသည်။ သွေးဖောက်ပြန်သော ရောဂါ များကိုလည်း သက်သာ ပျောက်ကင်း စေသည်။ အမြစ် ခေါက်မှုန့်ကို ၀မ်းနှုတ်ဆေး အဖြစ် သုံးကြသည်။ အမြစ်စို သတ္တုရည်ကို ဆီးလွန် ရောဂါရှိသူများ သောက်သုံး နိုင်သည်။ အဆိပ် သင့်ခြင်း ဖြစ်က အဆိပ် ပြေဆေး အဖြစ် တိုက်ကျွေး နိုင်သည်။

ရဲယို

ရဲယို
Botanical Name:Morinda anhgustifolia Roxb
Myanmar Name:ရဲယို
English Name:Morinda
Family:Rubiaceae
Distribution:
မြန်မာ နိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ မြစ်ချောင်း ကမ်းရိုးတန်း တို့၌လည်း ပေါက်ရောက်တက်၏။ သဘာဝ အလျောက် ပေါက်ရောက်သည်။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ပျိုးနိုင်သည်။
Appearance:
ပင်လတ်မျိုး ဖြစ်သည်။ အရွက်၏ အရောင် ပြောင်လက်၏။ အကိုင်း အခက် များစွာ ဖြာ၏။ ပင်စည်ပေါ်တွင် အညိုရောင် အစက် အပြောက်များ ရှိ၏။ အခေါက်ထူ၍ ကြမ်းတမ်း၏။ အကိုင်း လေးထောင့်ပုံ ရှိပြီး ၂ ထောင့်တွင် အမြောင်းပါသည်။ အရွက်သည် ရွက်ဆိုင် အလှည့်ကျ ထွက်သည်။ အရွက်ကြီး၏ အလျား ၆ လက်မခန့်၊ ၁ ပေခန့် ရှိသည်။ ရွက်ရင်းသွယ်၍ ရွက်ထိပ်ချွန်သည်။ အရွက် အလယ်ပိုင်း ကျယ်သည်။ အရွက်၏ ထက်အောက် မျက်နှာပြင် နှစ်ခုလုံး ပြောင်ချော၏။ ရွက်ကြော ထင်ရှားသည်။ ရွက်နားချော၍ လှိုင်းတွန့် အနည်းငယ် ရှိ၏။ ရွက်ညှာ တိုတုတ်၏။ နှလုံး ပုံသဏ္ဍာန် ရွက်စွယ်နှစ်ခု ပါရှိ၏။ အပွင့်သည် အလွန် သေးငယ်သော အဖြူရောင် အပွင့်ဖြစ်၏။ အနံ့မွှေး၏။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်စုပြုံ၍ ထွက်၏။ ပန်းခိုင်သည် အရွက်၏ အနား တစ်ဖက်မှ ထွက်သည်။ ပွင့်ညှာ တိုသည်။ အသီးသည် အချင်း ၂ လက်မခန့် ရှိသည်။ ရှည်မျောမျောပုံ ဖြစ်သည်။ အသီး မျက်နှာပြင် ပေါ်ရှိ ဗဟုဂံ အကွက် ကလေးများတွင် ပန်းပွင့် အရာများ မျက်စိသဖွယ် ကျန်နေသည်။
Useful Part:အရွက် ၊ အသီး၊ အမြစ်
Usage:
အသီး မမှည့် တမှည့်ကို မီးဖုတ်၍ ဆားသင့်ရုံ ထည့်ပြီး သွားတိုက် ပေးပါက သွားနှင့် သွားဖုံးများ ခိုင်မာစေ တက်သည်။ သွားဖုံး ရောင်ခြင်း အတွက် ရဲယိုသီး မမှည့် တမှည့် တစ်လုံးကို မီးဖုတ်ပြီး ဆားနှင့် ရောနယ် စားပါက သက်သာ ပျောက်ကင်း စေသည်။ အာခေါင် ပူခြင်း၊ လေချုပ်ခြင်း၊ ၀မ်းဗိုက် နာခြင်း၊ သည်းခြေ ဖောက်ပြန်သော ရောဂါတို့ အတွက် ရဲယိုရွက်ကို ပြုတ်၍ တို့စားရသည်။ နှာခေါင်း သွေးလျှံခြင်း၊ နို့ချောင်း ပိတ်ခြင်း၊ နို့ခမ်းခြင်း၊ သကျည်း ကိုက်ခြင်း၊ ၀မ်းရစ်ခြင်း တို့အတွက် ရဲယိုရွက် ၄-၅ ရွက်ကို ပြုတ်၍ သုတ်စား ရသည်။ ပင်လယ် အူနာ ရောဂါ အတွက် ရဲယိုရွက် လက်တစ်ဆုပ်စ ခန့်ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ စားလျှင် သက်သာ ပျောက်ကင်း စေသည်။ ချောင်းဆိုး၊ ပန်းနာ ရောဂါ အတွက် အသီးမှည့် အနေတော် တစ်လုံးကို ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းခန့်နှင့် ခေါက်စားလျှင် သက်သာ ပျောက်ကင်း စေသည်။ တီဘီ ရောဂါ အတွက် အရည် ရွှမ်းသော ရဲယိုသီး မှည့်ကို ညှစ်ယူ၍ ရသော အရည်အား တစ်ကြိမ်လျှင် ဟင်းစားဇွန်း တစ်ဇွန်းခန့် တစ်ရက်လျှင် သုံးကြိမ် သောက်ပေးပါက သက်သာ ပျောက်ကင်း စေနိုင်သည်။ လေထိုး လေအောင့် ရောဂါ အတွက် အသီးနုနု နှစ်လုံးခန့်ကို ပြုတ်၍ သုတ်စားပါက သက်သာ ပျောက်ကင်းသည်။ ၀မ်းဖော၊ ၀မ်းရောင်၊ ရင်ပြည့်၊ ရင်ကယ်ခြင်း အတွက် ရဲယိုသီး တစ်လုံး၊ ထန်းလျက် ၃ ခဲ၊ ဆားမီးဖုတ်နှင့် ကော်ဖီပန်းကန် တစ်ဝက်ခန့် စားပေးရသည်။ အစာမကြေ ရောဂါ အတွက် ရဲယိုသီးမှည့် တစ်လုံးကို ထန်းလျက် ၃ ခဲခန့်နှင့် စားပေးရသည်။ ၀မ်းချုပ်ခြင်းအတွက် အမြစ် လက်တစ်ဆုပ်စာကို သုံးခွက် တစ်ခွက်တင် ကျိုသောက် ပေးရသည်။ နှလုံးရောဂါ၊ သွေးလွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် အရွက်ကို ဒန့်ဒလွန်ရွက်နှင့် ဟင်းချို ချက်သောက်ပါက သက်သာ ပျောက်ကင်း စေသည်။ မီးယပ်သွေးချုပ်ခြင်း၊ ငုပ်ခြင်း အတွက် ရဲယိုသီး အမှည့်တစ်လုံးကို ထန်းလျက် ၂ လုံးဖြင့် ခေါက်စားခြင်းဖြင့် မီးယပ်သွေးကို သက်စေသည်။ လေငန်း ရောဂါ အတွက် ရဲယိုရွက်ကို ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပေါက်သွားစေသည်။ အနာမှ သွေးများ ယိုကျသော အခါ အသီးခြောက်ကို အမှုန့်ပြု၍ သိပ်ပေးပါက သက်သာ စေပါသည်။ အဆစ် ရောင်ခြင်း၊ နာခြင်း အတွက် အရွက် သတ္တုရည်ကို လိမ်းပေး နိုင်သည်။ အရွက် သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အသားရေကို နူးညံ စေသည်။

မီးကွင်းဂမုန်း


မီးကွင်းဂမုန်း
Botanical Name:Rhoeo discolor Hance
Myanmar Name:မီးကွင်းဂမုန်း
English Name:Oyster Plant
Family:COMMELINACEAE
Distribution:
မြန်မာ နိုင်ငံ အနှံအပြားတွင် ပေါက်ရောက်သည်။အာရှတိုက်ရှိ နိုင်ငံ များတွင်လည်း ပေါက်ရောက်သည်။ သဘာဝ အပင် အဖြစ် သော်လည်းကောင်း၊ စိုက်ပျိုးပင် အဖြစ် သော်လည်းကောင်း တွေ့ရသည်။ အလှစိုက်ပင်အဖြစ် ထင်ရှားသည်။
Appearance:ပင်စည် - အပင်ငယ်ဖြစ်သည်။ ၁ ပေမှ ၂ ပေခန့်ထိသာ မြင့်သည်။ အရွက်များ ရှည်လျားသဖြင့် အပင်တစ်ပင်လုံး ဖုံးအုပ်နေတက်သည်။ အရွက်ရင့်၍ ကြွေကျမှ သာလျှင် ပင်စည်ကို မြင့်တွေ့နိုင်သည်။ ဂမုန်းပင်များ၏ ပင်စည် သဏ္ဍာန်မျိုးဖြစ်သည်။
အရွက် - အရွက်များမှာ ရှည်မျောပြီး တစ်ရွက်နှင့် တစ်ရွက် ထပ်နေသည်။ ရှည်လျား ကျဉ်းမြောင်းပြီး ထိပ်ဖျားချွန်သည်။ အရွက်အနားများ ညီ၍ အရွက်မျက်နှာပြင် ပြောင်ချောသည်။ အရွက်၏ အပေါ်မျက်နှာပြင်မှာ အရောင် စိမ်း၍ အောက်မျက်နှာပြင်သည် ခရမ်းရောင် (သို့) ခရမ်းစေ့ ရောင်ဖြစ်သည်။ အရွက်သား ထူပြီး အရည်ရွှမ်းသည်။
အပွင့် - အဖြူရောင် သေးငယ်သော အပွင့်များ ပွင့်သည်။ ကဆုန်လ၊ နယုန်လ၊ ၀ါဆိုလများတွင် အပွင့်ပွင့်လေ့ရှိသည်။
Useful Part:ပဉ္စငါးပါး
Usage:
မီးလောင်နာ အပူလောင်နာ များတွင် အရွက်ကို အပြင် အုံဆေး အဖြစ် အကြား အနည်းငယ်နှင့် ရောထောင်း လိမ်းနိုင်သည်။ မီးကွင်း ဂမုန်း ပဉ္စငါးပါးကို သကြားဖြင့် သုံးခွက် တစ်ခွက်တင် ကျိုသောက် ပါက ၀မ်းကိုက်ရောဂါ ပျောက်ကင်း နိုင်သည်။ အရွက်ကို ရေနွေးဖျော၍ သုတ်စားခြင်း၊ တို့စားခြင်း (သို့) ကြက်ဥနှင့် ကြော်စား ပါကလည်း ၀မ်းရောဂါကို ပျောက်ကင်း နိုင်ပါသည်။ မီးယပ်လွန်ခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ချောင်းဆိုး သွေးပါခြင်းများ အတွက် အားထား ရသော ဆေးတစ်လက် ဖြစ်သည်။ သွေးဝမ်းသွား ပါက အရွက် သတ္တုရည်ကို ကြေးဇွန်း တစ်ဇွန်းခန့် ၊အရိုး၊ အရွက်ကို ထုထောင်း၍ အကြားနှင့် ရောသောက်ပါက သွေးအန်ခြင်းကို ပျောက်ကင်း စေသည်။ အရွက်၏ သတ္တုရည်ကို သကြားနှင့် ရောသောက်ပါက သလိပ်ကပ်၊ ချောင်းဆိုး ရောဂါ ပျောက်ကင်း စေသည်။ နားအူ၊ နားကိုက်၊ နားပြည်ယို ရောဂါများ အတွက် အရွက် သတ္တုရည်ကို အုန်းဆီနှင့် ဆတူရော၍ ရေခမ်းအောင် ချက်၊ အအေးခံပြီး နားထဲ တည့်လျှင် သော်လည်းကောင်း၊ အရွက်ကို မီးကင် အရည် ညှစ်၍ နာထဲ တည့်လျှင် သော်လည်းကောင်း သက်သာ ပျောက်ကင်း နိုင်သည်။

Tuesday, November 19, 2013

ဖလန်တောင်ဝှေး

ဖလန်တောင်ဝှေး
Botanical Name:Costus speciosus Smith
Myanmar Name:ဖလန်တောင်ဝှေး
English Name:-----------------
Family:ZINGIBERACEAE
Distribution:
အိန္ဒိယ နိုင်ငံ၊ မြန်မာ နိုင်ငံ တို့တွင် အနှံ အပြား ပေါက်ရောက် သည်။ မိုးဥတုတွင် များစွာ ပေါက်ရောက် သည်။
Appearance:အပင် - လှပ တင့်တယ်သော သစ်ပင်ပျော့ ဖြစ်သည်။ ပင်စည်မှာ နီညိုရောင် ဖြစ်သည်။ ၄ ပေမှ ၁၀ ပေအထိ မြင့်သည်။
အရွက် - ငှက်တောင်ပုံ ဖြစ်၍ ထိပ်ချွန်သည်။ ၉ လက်မခန့် ရှည်သည်။ ပန်းခိုင် ထိပ်ဖျားမှ ထွက်၍ ကတော့ ပုံသဏ္ဍာန် ပန်းခိုင်ဖြစ်သည်။ ၃ လက်မခန့် ရှည်၍ နီသော ပွင့်ခံရွက်များ ပါရှိသည်။ အပွင့်ပွင့်ရွက် အဖြူဆွတ်ဆွတ် ဖြစ်သည်။ နုနယ်၍ လှိုင်းတွန့် ကဲ့သို့ ဖြစ်သည်။ကတော့ပုံ ဖြစ်သည်။ အချင်း ၃ လက်မခွဲခန့် ရှိ၍ ၂ လက်မခန့် ရှည်သည်။
Useful Part:အမြစ်
Usage:
နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ လေနာ၊ အရေပြား ရောဂါ၊ မြွေကိုက်ခြင်း တို့ကို ကုသရာ၌ အမြစ်ကို သုံးသည်။ နားပြည်ယို၊ နားကိုက် ရောဂါကို ဖလံတောင်ဝှေး အခွံ့နွှာ မီးကင်ပြီး အတန်ကြာ အေးစေ၍ ရည်ညှစ်ယူ ၎င်းအရည်ကို နားအတွင်းသို့ ၃-၄ စက်ခန့် မကြာ မကြာ ထည့်ပေးရ၏။ ချောင်းဆိုး ရောဂါ၊ သာမာန် နှလုံးတုန် ရောဂါ တို့ကို ဖလှံတောင်ဝှေး ဟင်းချက် စားခြင်း၊ နှမ်းဆီ စစ်စစ်ဖြင့် ကြော်စားခြင်း တို့ဖြင့် သက်သာ စေနိုင်သည်။ ဒူလာရောဂါကို ဖလှံတောင်ဝှေး သုံးခွက် တစ်ခွက်တင်ကို သောက်လျှင် ပျောက်၏။ ဖလှံတောင်ဝှေးဥကို အခြောက်ခံ အမှုန့်ပြုလုပ်၍ ချင်း၊ သကြားနှင့် စပ်သောက်ပါက ပို၍ ပျောက်ကင်း၏။ ဖလံတောင်ဝှေးကို ငါးခူနှင့် ချက်စားပါက ကာမအားကို ဖြစ်စေသည်။ ငါးသိုင်းသားနှင့် ချက်စားက သွေးဝမ်း ရောဂါ ပျောက်စေသည်။ ပုစွန်နှင့် ကြော်ချက် စားလျှင် သွေးဝမ်း ရောဂါ ပျောက်စေသည်။ နွားသားနှင့် ချက်စားပါက ဆီးရွှင်ပြီး ကျောက်ကပ် ရောဂါကို ကာကွယ် စေနိုင် ပါသည်။ ရေကြက်သားနှင့် ချက်စားလျှင် ဆီးကျောက် တည်ခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်၊ ဆီးအားနည်းခြင်း၊ ဆီးကျန်ခြင်း၊ ဆီးဝါခြင်းတို့ကို ပျောက်စေသည်။ ဖလှံတောင်ဝှေးကို ဓါးပြားနှင့် ရိုက်၍ ဟင်းချက် သောက်က အမျိုးသမီးများ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း တို့ကို ပျောက်စေနိုင်သည်။ ဖလှံတောင်ဝှေးကို အခြောက်လှန်း အမှုန့်ပြု၍ အုန်းဆီနှင့် ဖျော်ပြီး စအိုနှင့် ဆီးစပ်ကို လိမ်းထားပါက သားအိမ် လျှောကျခြင်း၊ သားအိမ် အောင့်ခြင်း၊ ယောကျာ်း အူကျခြင်း၊ တိုနာ ဖြစ်ခြင်းတို့ကို ပျောက်စေသည်။ ဖလှံတောင်ဝှေး ပဉ္စငါးပါးကို ငရုတ်ကောင်း ၂ စေ့ထည့်၍ ကျကျ ပြုတ်သောက် ပါက ကျောက်ကပ်ရောင်၍ ဖောခြင်း၊ ခါးနာခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။ ဖလှံတောင်ဝှေးကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့် တေ၍ လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့ တစ်ကြိမ် စားသုံးခြင်းခြင့် အားအင် ကုန်ခမ်းခြင်းကို ပြန်လည် အားဖြည့် စေသည်။ မိန်းမများ ရင်သားတွင် ဖြစ်ပေါ်တက်သော သာမာန် အကြိတ်များအား ဖလှံတောင်ဝှေးကို ထုခြေ၍ အကျိတ်ပေါ် အုံပေးပြီး အ၀တ် စည်းပေးခြင်းဖြင့် အကျိတ်ကို ကျေစေသည်။

သေဘာၤမဲဇလီ


သေဘာၤမဲဇလီ
Botanical Name:Cassia alataLinn
Myanmar Name:သေဘာၤမဲဇလီ
English Name:RINGWORM SHRUB
Family:Caesalpiniaceae
Distribution:
မြန်မာ နိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
Appearance:
အပင်လတ်မျိုး ဖြစ်၍ အမြင့်ပေ ၁၀ ပေခန့်ရှိသည်။ အကိုင်း အသင့် အတင့် များသည်။ပင်စည် စိမ်း၍ ချောမွေ့၏။အရွက်သည် ရွက်ပေါင်း ဖြစ်၍ ရွက်လွဲထွက်၏ ရွက်ညှာ ထုတ်ကာ အလယ်တွင် မြောင်းပါရှိသည်။ ရွက်မွှာများ မျက်နှာချင်းဆိုင် ထွက်သည်။ အရွက် အောက်ဘက် ရွက်မွှာများမှာ ရှည်မျောမျောပုံ ဖြစ်ပြီး ထိပ်ဘက်ရှိ ရွက်မွှာများ ထိပ်ပိုင်း ကျယ်၍ အရင်းသို့ ရှုးသွား၏။ ရွက်ကြော ထင်ရှား၏။ ရွက်ပြား ချော၍ ရွက်နားသီသည်။အပွင့်သည် အခိုင်လိုက် ပွင့်ပြီး လိမ္မော်ရောင် ရှိ၍ ပွင့်ဖတ်ရှိ အကြောများ ထင်ရှားသည်။ အသီးမှာ အက်ကွဲသီး ဖြစ်သည်။သီးတောင့် ဖြောင့်ပြီး ပြောင်ချော သည်။ အစေ့ ၅၀ ကျော် ပါရှိသည်။
Useful Part:အမြစ်၊ အပွင့် ၊ အရွက်
Usage:
အရွက် အစိမ်းကို သောက်သုံးပါက ၀မ်းရစ်ပြီး ၀မ်းသက်၏။ အရွက်ခြောက် လှောပြီးမှ သုံးစွဲ သင့်သည်။အရွက် အစိုဖြင့် ပွေး၊၀ဲ၊ နှင်းခူ စသော အရေပြား ရောဂါ များကို နေ့စဉ် နှစ်ကြိမ် မှန်မှန် ရက် အတန်ကြာ ပွတ်ပေးသော် ပျောက်စေ၏။ အရွက်စိမ်းနှင့် မကျည်းသီး အနုကို ရောကြိတ် အုံပေးပါက အဆိပ်ပြေစေ၏။ အရွက်ကို ခပ်ကျကျ ပြုတ်၍ ခပ်နွေးနွေး အုံပေးသော် ခံတွင်း၌ အနာအဖုများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်း တို့ကို ပျောက်စေ၏။ ၎င်းအရွက်နှင့် မုယားကြီးအရွက် ရော၍ ပြုတ်ခြင်း၊ အရေကို မြိုပေးခြင်းဖြင့် ချောင်းခြောက် ရောဂါ ပျောက်ကင်း သက်သာ စေနိုင်သည်။ အရွက်ကို သံပရာသီးနှင့် ကြိတ်၍ ယင်းပြုတ်ရည်နှင့် ဖန်ရည်ဆေး ပေးခြင်းဖြင့် နှင်းခူကြီးနာ ပျောက်ကင်းစေ၏။ အရွက်ကို ထောင်း၍ တမာရွက်နှင့် လိမ်းကြံပေးသော် ယားနာ၊ နူနာ၊ ၀ဲနာများ ပျောက်ကင်း စေနိုင်သည်။မဲဇလီဖူးနှင့် အရွက်ကို ချင်းနှင့် ပြုတ်သောက် ပါက အသက်ရှု ပြွန်ချောင်း ရောင်သော ရောဂါနှင့် ပန်းနာ ရောဂါကို သက်သာ စေသည်။ ၀မ်းကို သက်စေပြီး ဆီးကို များစေပါသည်။ သလိပ်ကိုလည်း ကျစေ နိုင်သည်။

ဆီးဖြူ

ဆီးဖြူ
Botanical Name:Emblica officinalis Gaertn Phyllanlhus emblica Linn
Myanmar Name:ဆီးဖြူ
English Name:Emblic Myrobalan Indican Goose Berry
Family:EUPHORBIACEAE
Distribution:
မြန်မာ နိုင်ငံ တစ်ဝှမ်းလုံး၌ ပေါက်ရောက်သည်။ အထူး သဖြင့် အထက် မြန်မာပြည်နှင့် သမ အအေးပိုင်း ဒေသတွင် အမြောက်အများ ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
Appearance:အပင် - ရွက်ကြွေ ပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ ခန့်အထိမြင့်၍ ပင်စည်တွင် အညိုရောင် အမွေးခေါက်များရှိသည်။ကိုင်းဖြာသည်။
အရွက် - ၂-ခါငှက်မွေး ရွက်ပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်မြွှာများ ၅၀-၆၀ ခန့်အထိပါရှိ၍ သေးငယ်ပြီး မျက်နှာချင်းဆိုင် ခပ်စိပ်စိပ်ထွက်၏။
အပွင့် - စိမ်းဝါရောင်ရှိသည်။ အဆုတ်လိုက်ပွင့်၍ ပြာသို၊ တပို့တွဲ တို့တွင်ပွင့်သည်။
အသီး - ပြောင်ချော၍ အ၀ါနုရောင်ရှိသည်။ အသားထူ၍ လိုက်အမြောင်း ၆ မြောင်းရှိသည်။ အစေ့တစ်ခုသာ ပါဝင်သည်။တပေါင်း၊ တန်ခူးတွင်သီးသည်။ 
Useful Part:အသီး၊ အရွက်၊ အစေ့
Usage:
ဆီးဖြူသီးသည် အသက်ကို ရှည်စေ၏။ ချောင်းဆိုး၊ ပန်းနား၊ လေနာတို့ကို ပျောက်ကင်း စေ၏။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကို ထောင်း၍ အရည် ညှစ်ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်း သက်သာ ပျောက်ကင်း၏။ ဆီးဖြူသီး အခြောက် (သို့) အစိုကို သွေး၍ သံပရာရည် အနည်းငယ် ထည့်ပြီး အရေပြား ပေါ်တွင် ဖြစ်တက်သော ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကို လိမ်းပေးနိုင်၏။ ကိုယ်ခန္ဓာ၏ ခုခံအားကို မြင့်တက် စေ၏။ ဆီးဖြူသီး အခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်တို့နှင့် နယ်စားပါက ဆီးပုပ်ရောဂါ ပျောက်၏။ ဆီးဖြူသီး အခြောက်ကို ငရှဥ့်သားနှင့် ချက်စားပါက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်အုံ ပေးပါက နှာခေါင်း သွေးလျှံခြင်း ပျောက်၏။အရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်း ပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီး ကမ်းပြို ခြင်းများ တခဏချင်း ပျောက်ကင်း၏။ ဆီးဖြူသီး ရွက်နုများကို ပုံးရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ ၀မ်းသက်ခြင်းများ ပျောက်ကင်း၏။ ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တက်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။ မီးလောင်၊ ရေနွေးပူ လောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။

နွားမြတ်ရင်း

နွားမြတ်ရင်း
Botanical Name:Cyperus scariosus Br.
Myanmar Name:နွားမြတ်ရင်း
English Name:Annies Lace
Family:Cyperaceae
Distribution:
ရေကြိုက်ပင် ဖြစ်သည့် အလျောက် ရေစပ်၊ ကမ်းစပ် တို့တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
Appearance:
အပင်သည် အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၃ ပေခန့် ရှိသည်။ ပင်စည် သုံးမြောင့်ပုံရှိ၍ ခေါင်းပွပုံ ဖြစ်ပြီး သေးငယ် ပြောင်ချော သည်။ တပင်တည်း ကဲ့သို့ စုပြုံ၍ ပေါက်သည်။ အရွက်သည် ပင်စည် ထိပ်ပိုင်း၌ စုရုံးဝိုင်းပတ်၍ ထွက်သည်။ ရွက်ပျား သေးသွယ် ရှည်လျား သည်။ ရွက်ရင်း ၀ိုင်းပြီး ပင်စည်ကို ကုတ်ပတ် ထားသည်။ ရွက်ဖျား ချွန်သည်။ရွက်လည်ကြော ထင်ရှားသည်။ ရွက်ဖျားနှင့် ရွက်နား ရှိသည်။ အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အလွန် သေးငယ်၍ ညိုခြောက်ခြောက် အရောင် ရှိသည်။ အသီးသည် သေးငယ်၍ ရှည်မျောမျောပုံ ရှိသည်။ အမြစ်ဥသည် အပြင်ဘက်တွင် နက်၍ အတွင်းသား နီကျန့်ကျန့် ရှိ၏။
Useful Part:ဥအမြစ်အခေါင်း
Usage:
နွားမြက်ရင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာ၌ ရှိသော အဖုအပိမ့် များကို ပျောက်ကင်း စေသည်။နွားမြက်ရင်းကို လျှာပွတ်ဆေး၊ သူငယ်နာ ဆေးအဖြစ် အသုံးပြုသည်။ နွားမြက်ရင်းကို သွေးကာ သူငယ်စာ ငှက်ပျောသီးတွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေး များအား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်းနှင့် သာမာန် အဆိပ် ရှိသော သတ္တ၀ါ များကြောင့် အဆိပ် တက်ခြင်းကို ပျောက်ကင်း စေသည်။ နွားမြက်ရင်း သွေးရည် ကော်ဖီဇွန်း ၁ ဇွန်း သောက်ပါက အော့အန် ရောဂါကို ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ ဆား အနည်းငယ် ထည့်သောက်ပါက အစာမှားခြင်း၊ ဆေးမှားခြင်း တို့ကို သက်သာ ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ သောက်ခြင့်ဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါများကို ပျောက်ကင်း စေပါသည်။နွားမြက်ရင်း ခေါင်းကို သွေးလိမ်းပါက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် နူနာဖြစ်စ ရောဂါ၊ ရေယုန်၊ ၀ဲစို၊ ၀ဲခြောက် ရောဂါများကို ပျောက်ကင်း စေနိုင် ပါသည်။

လိပ်ဆူးရွှေ

လိပ်ဆူးရွှေ
Botanical Name:Barleria prionitis Linn
Myanmar Name:လိပ်ဆူးရွှေ
English Name:-----------------
Family:ACANTHACEAE
Distribution:
မြန်မာ နိုင်ငံ အနှံအပြားတွင် ပေါက်ရောက်သည်။ အထူးသဖြင့် မြေလွတ် မြေလပ်၊ စားကျက်များ၊ ကုန်းတန် များတွင် တွေ့ရသည်။ ၎င်းအပင်သည် နွေရာသီတွင် ခြောက်သွေ့ ကုန်ပြီးလျှင် မိုးရာသီတွင် အများအပြား ပေါက်ရောက် ကြသည်။ စွတ်စိုသော အချို့ဒေသများတွင် ၁၂ ရာသီလုံးလုံး ပေါက်ရောက်သည်ကို တွေ့ရသည်။ အထူးသဖြင့် အထက် မြန်မာပြည်တွင် အများအပြား ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
Appearance:အပင် - အပွင့်ကို အစွဲပြု၍ ခရမ်း၊ အဖြူကြား အဖြူ၊ အ၀ါဟု ၄ မျိုးကွဲပြား၏။ အ၀ါမျိုးမှာ အပေါဆုံးဖြစ်၏။၎င်းအပင် ၄ မျိုးစလုံး၏ အပင်အရွက် အနိမ့်အမြင့် များစွာ ကွားခြားမှုမရှိပါ။အပင်မှာ ခြုံပင်ငယ်မျိုးဖြစ်သည်။ ၂ ပေမှ ၅ ပေအထိ မြင့်၏။ အကိုင်းအခက် အလွန်များ၏။ပင်စည်၊ အကိုင်း၊ အခက်တို့၌ ချွန်ထက်သော ဆူးကလေးများ များစွာရှိ၏။
အရွက် - အရွက်မှာ ဆိုင်ထွက်၏။ ရှည်မျောမျောပုံ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း သွယ်သည်။ရွက်နားညီ၊ ရွက်ကြောထင်ရှားပြီး ရွက်ညှာရှည်သည်။ အရွက်အဖျားတွင် ဆူးကလေးများ ရှိသည်။
အပွင့် - အ၀ါရောင်ရှိသည်။ ရွက်ညှာရင်းရှိ အဆစ်မှထွက်သည်။ ပွင့်ချပ် ၅ ခု ဆိုင်၍ ကတော့ပုံသဏ္ဍာန်ပွင့်သည်။ အတွင်း၌ ၀တ်ဆံမှုံ ၂ ခုထွက်သည်။ အပွင့်အရှည်မှာ ၁ လက်မခန့်ရှိသည်။
အသီး - ဆူးရှိ၏။အလျား ၁ လက်မခန့်သာရှိသည်။ အစေ့မှာ ၂ စေ့မျှသာ ပါ၏။အသီးမှာ နုလျှင်စိမ်း၍ ရင့်လျှင် အပြာရင့်ရောင်ဖြစ်သွားသည်။
Useful Part:ပဉ္စငါးပါး ၊ အရွက်၊ အသီး
Usage:
ပဉ္စငါးပါး ပြုတ်ရည်ကို ချင်းခြောက်မှုန့် ဖြူး၍ ကလေးကို တိုက်ကျွေးလျှင် ကလေးများ ၀မ်းပျက်ရောဂါ ပျောက်ကင်း၏။ ပဉ္စငါးပါး သတ္တုရည် (သို့) ၎င်းသတ္တုရည်ကို နှမ်းဆီဖြင့် ရောချက်ပြီး ၀ဲယားနာ၊ ပွေးနာနှင့် အနာပေါက် များကို လိမ်းရ၏။လိပ်ဆူးရွှေ ရွက်ကို ပြာချပြီး ထောပတ်၊ နှမ်းဆီ စသည်တို့နှင့် ရောလိမ်းသော် အနာများကို အမြန် အသားနု တက်စေပြီး အပျောက် မြန်စေ၏။ အရွက် ပြုတ်ရည်ကို ကလေး၊ လူကြီးများ သောက်လျှင် ချွေးကောင်းစွာ ထွက်စေ၍ အဖျားနှင့် တကွ ချောင်းဆိုး အအေးမိခြင်း ကိုပါ ပျောက်ကင်း စေပါသည်။ အရွက် သတ္တုရည်ကို ကင်းကိုက်သော ဒဏ်ရာပေါ်သို့ ဆွတ်ပေးခြင်းဖြင့် ကင်းဆိပ်ကို ပြေစေ နိုင်သည်။ ရောင်ရမ်းသော နေရာများပေါ်သို့ လိမ်းပေး လျှင်လည်း အရောင်ကျ စေနိုင်သည်။ အရွက် ကျကျ ပြုတ်ရည်ကို ခပ်နွေးနွေး ငုံပေးသော် နဲ့နေသော သွားများကို ပြန်ခိုင်လာ စေသည်။

ရှားစောင်းသိင်္ဂနိတ်

ရှားစောင်းသိင်္ဂနိတ်
Botanical Name:Euphorbia spendens Bojor
Myanmar Name:ရှားစောင်းသိင်္ဂနိတ်
English Name:Small aloe, Kiss me quick
Family:EURPHORBIACEAE
Distribution:xxx
Appearance:ရှားစောင်းသိင်္ဂနိတ်ကို ရှားစောင်းမျိုးတွင် ပါဝင်ရေတွက်၍ ခေါ်ဝေါ်ကြကုန်၏။
အပင် - ပင်စည်မှာ ၈ လက်မမှ ၁၂ လက်မအထိ ရှည်၏ ၎င်းပင်စည်တွင် ချွန်ထက်သေးငယ်လှသော ဆူးများစွာရှိ၏။
အရွက် - အရွက်မှာ ရိုးတံတစ်ခုတွင် သုံးရွက် ပူး၍ထွက်၏။
အပွင့် - အနီရောင်၊ပန်းရောင်၊အ၀ါဖျော့ရောင် ဟူ၍သိရ၏။
Useful Part:အသား၊ ပဉ္စငါးပါး
Usage:
မီးယပ် အပုပ်ချ ဆေးတွင် အသားကို သုံး၏။ ရှားစောင်း သိင်္ဂီနိတ် ၃ ရွက်ခန့်ကို ရေစင်အောင် ဆေးပြီး အစိမ်း အတိုင်း စားပါက ၀မ်းကိုက် ရောဂါ ပျောက်ကင်း စေနိုင်သည်။ ရှားစောင်း သိင်္ဂီနိတ် အရွက် မနုမရင့် ၄-၅ ရွက်ခန့်ယူ၍ ရေနွေး ပူပူတွင် ထည့်၍ သောက်ပေးခြင်း၊ အရွက်ကို ၀ါးစားခြင်း ပြုပါက လေနာ၊ လေအောင့်နှင့် ၀မ်းကိုက် ရောဂါများ သက်သာ ပျောက်ကင်း စေနိုင်သည်။ ၎င်း အရွက်ကို ချိုးဖဲ့လျှင် ရသော အစေးနှင့် ပြည် ပေါက်ရန် ခဲယဉ်းသော အနာများကို တို့ပေးပါက ပြည်ကို လွယ်ကူစွာ ပေါက်စေသည်။ ရှားစောင်း သိင်္ဂီနိတ် ရွက်ခြောက်မှုန့်ကို သကြား၊ ပျားရည် တို့ဖြင့် တိုက်ကျွေးပါက သွေးနှင့်တကွ ၀မ်းသွားခြင်းကို ပျောက်ကင်း စေပါသည်။

ရှားစောင်းလက်ပပ်


ရှားစောင်းလက်ပပ်
Botanical Name:Aloe Vera Linn
Myanmar Name:ရှားစောင်းလက်ပပ်
English Name:Barbados Aloes
Family:LILIACEAE
Distribution:
အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။
Appearance:အပင် - အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။
Useful Part:အရွက်
Usage:
ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေ၀ါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

တစ်ကိုယ်ရည် သန့် ရှင်းခြင်း နှင့် ကျန်းမာရေး ……

ကျန်းမာရေးကောင်းမွန်ခြင်း နှင့် ချို့ တဲ့ခြင်းသည့် မိမိကိုယ်ကိုယ်သန့် ရှင်းစွာနေထိုင်ခြင်း ၊ စားသောက်ခြင်းတို့ အပေါ်တွင်ရာခိုင်နှုန်းအတော်များများ အကျိုးသက်ရောက်မှု့ များရှိပါသည် ။

တစ်ချို့ ဆိုလျှင်ကျန်းမာရေး အသိပင်ရှိပင်ငြားလည်း လုပ်ဆောင်ရန် ပျင်းခြင်း ၊ ပေါ့ပေါ့ပါးပါး နေထိုင်ခြင်းတို့ ကြောင့် ကျန်းမာရေးချို့ တဲ့ခြင်းအကျိုးဆက်များရရှိလာပါတယ် ။ အသိမရှိလို့ ဆိုတာကို လက်ခံနိုင်ပေမဲ့ အသိရှိပြီး ပြု့ မှု့ နေထိုင်ခြင်းသည်အလွန်ပင်ဆိုးရွားပါတယ် ။

တစ်ကိုယ်ရည် သန့် ရှင်းစွာနေထိုင်တက်ခြင်းသည့် ကောင်းမွန်သော အကျင့်တစ်ခုလည်းဖြစ်ပါသည် ။ ဒါကြောင့် တစ်ကိုယ်ရည်သန့် ရှင်းခြင်း အကြောင်းအကျိုးများကို ငယ်ရွယ်စဉ်ကပင် စာသင်ကျောင်းများတွင် ကျန်းမာရေးအသိရရှိစေရန် သင်ကြားပေးခဲ့ကြပါတယ် ။ ကောင်းမွန်သော အလေ့အကျင့်ကို ဆောင်လိုက်ပါ လိုက်နာလိုက်ပါ ။

လက်သည့်အရေးကြီးပါတယ် မည်သည့်အစားသောက်စားစား လက်ကို စင်ကြယ်အောင် လက်ဆေးပြီးမှ စားသုံးပါ အလွယ်တကူ လက်ဖြင့်ကိုင်စားခြင်း မလုပ်သင့်ပါ ။ မဖြစ်မနေ စာမည်ဆိုပါက ဇွန်း နှင့်တစ်ခြား ကိုင်တယ်လို့ ရမည် ကရိယာဖြင့်သာ အစားသောက်များကို စားပါ ။

လက်သည်းအရှည်ထားပြီး အရောင်အမျိုးမျိုးချယ်ထားသည့် အမျိုးသမီးများသည် လက်ဖြင့် အစားသောက်များကို ကိုင်တွယ်စားသောက်လျှင် ပိုမို သတိထားသင့်ပါသည် ။ အရောင်ဆိုးထားသော လက်သည်းဆေးများသည် ဝင်ရောက်ခြင်းများလာပါက အူလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ ဖြစ်ပေါ်လာတက်ပါသည်။

အစာစားပြီးတိုင်း ရေခဲရေအေးဖြင့် ပါးလုပ်ကျင်းထွေးခြင်း မလုပ်သင့်ပါ ။သာမန်ရေဖြင့်သာ ပါးလုပ်ကျင်းခြင်း လုပ်သင့်ပါတယ် ။ ခပ်နွေးနွေးရေနွေးဖြင့် ပြု့ လုပ်နိုင်ပါက ကောင်းမွန်ပြီး အိမ်သုံးဆားအနည်းငယ်ထည့်ပြီး ပါးလုပ်ကျင်းလျှင် ပိုမိုကောင်းမွန်ကြောင်းတွေ့ ရှိရပါတယ် ။

အဝတ်အစားများကောင်းမွန်တန်းဖိုးရှိရန် မလိုဘဲ သန့် ရှင်းစွာ ဖွတ်လျှော်ထားသော အကျီ င်္သာလျှင် ကျန်းမာရေးအတွက် ကောင်းမွန်သလို ဝတ်စားရသူအတွက်လည်း စိတ်ကို လန်းဆန်းပေါ့ပါးစေပါတယ် ။

ဝတ်ဆင်ပြီးသား အဝတ်စားများကို နေရောင်ရသောနေရာနှင့်လေဝင်လေထွက်ကောင်းသောနေရာတွင် မလျှော်ဖွတ်မိ ထားသိုသင့်ပါတယ် ။

သွားတိုက်တံ ၊သွားတိုက်ဆေး နှင့် ကိုယ်တိုက်ဆပ်ပြာများကို မိသားစုလိုက် ( သို့ ) အစုအဖွဲ့ များ မျှဝေသုံးစွဲခြင်း မပြု့ သင့်ပါ ။သီးခြားစီ သာသုံးစွဲသင့်ပါသည် ။

သင်အိပ်စက်မည့် ခေါင်းအုံးများသန့် ရှင်းရန် လိုအပ်ပြီး သင်ညမအိပ်စက်မိ မျက်လုံးပိတ်ပြီး လေကို ခပ်ပြင်းပြင်း ရှု ထုတ်ခြင်း အကြိမ်ရေအားဖြင့် အနည်းဆုံး ၁၀ ကြိမ် လုပ်ဆောင်ပြီးမှ အိပ်စက်ပါ ။

ကျန်းမာရေးအလေ့အကျင့်များ သိရှိလိုက်နာခြင်းသည် သင့်အတွက် အာရောဂျ ပရမ လာဘ ဆိုသည့် ကျန်းမာခြင်းသည် လာဘ်တစ်ပါး ပင်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ
 — Credit to Mg Mandalay

မိမိကျန်းမာရေးနှင့်ကိုက်ညီသောလေ့ကျင့်ခန်းပြု့ လုပ်ရန်လိုအပ် …..


အိမ်ထောင်ရှင်လူများနှင့် မိန်းကလေးပျို အများစုတွင် အိမ်မူ့ ကိစ္စအဝဝ လုပ်ကိုင်ရခြင်းကြောင်း တစ်နေ့ တာအတွက်ကိုယ်လက်လုပ်ရှားလေ့ကျင့်ခန်းများ လုပ်စရာရာ မလိုအပ်ပါလို့ လွဲမှားသော အသိတရားများဖြင့်တစ်နေရာအတွက်ဖြတ်သန်းကုန်ဆုံးစေခဲ့ပါတယ် ။

တကယ်တမ်းလူတစ်ယောက်တွင်တစ်နေ့ တာအတွက် တစ်ရက်လျှက် ပျမ်းမျှအားဖြင့် မိနစ် ၃၀ ဝန်ကျင်အထိ မိမိ၏ကျန်းမာရေးနှင့် သင့်တင့်ကိုက်ညီသော ပုံမှန်လေ့ကျင့်ခန်းပြု့ လုပ်ရန် လိုအပ်ပါသည် ။တစ်ချို့ ဆိုသွားလာလှုပ်ရှားနေရလို့ လည်း ပုံမှန် မိမိနှင့်ကိုက်ညီသော လေ့ကျင့်ခန်းတစ်ခုတစ်ခုတော့ လုပ်ဆောင်ပေးသင့်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ် ။

ပုံမှန်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဆောင်နေရခြင်းရှိနေသူနှင့် မရှိဘဲ နေထိုင်သူတို့ ကို နှိုင်းယှဉ်လျှင် ပေါ့ပါးခြင်း လန်းဆန်းခြင်း ကိုယ်ခန္ဓာခံစားမှု့ ကွာခြားမှု့ ရှိပါတယ် ။ တကယ်လုပ်ဆောင်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်လေ့ကျင့်ခန်း မလုပ်မိသည့် ရက်ရှည်လာသည့်အခါ ခန္ဓာကိုယ်သွားလာလှုပ်ရှားခံစားမှု့  ပေါ့ပါး လန်းဆန်းခြင်းရှိမလာသိကို လုပ်ဆောင်သူများ သတိထားမိကြမှာပါ ။

ကိုယ်လက်လှုပ်ရှားခြင်းကြောင်း အသက်ပြင်းပြင်းရှူသွင်းထုတ်ရခြင်းကြောင့် သွေးသားလည်ပတ်မှု့ တွင် အောက်စီဂျင်ဓာတ်ပေါကြွယ်ဝပြီး လန်ဆန်းခြင်းကိုဖြစ်ပေါ်စေခြင်း အကျိုးတစ်ခုရရှိစေပါတယ် ။ မဆုံးနိုင်သောအလုပ်တွေ ၊ မအားလပ်တာတွေကြောင့် စိတ်ဖိစီးမှု့ တွေဖြစ်ပေါ်လာခြင်းနှင့်အတူ စိတ်ဓာတ်တွေကျလာခြင်း ၊ စားသောက်ချိန်နှင့် အစားအသောက်ပုံမှန်မရှိခြင်း ကြောင့် ကိုယ်ကျန်းမာရေးအတွက် ဖြေးဖြေးအားနည်းချက်များ ဖြစ်ပေါ်လာတက်ကြပါတယ် ။

လူမှု့ ဘဝအထွေထွေများနေတာကိုလူသားတွေသိနားလည်ပေမဲ့ ကျန်းမာရေးဆိုသည့် သည်ခန္ဓာကိုယ်စိတ်ခံစားမှု့ က နားလည်းမပေးတက်ပါ ၊လေ့ကျင့်ခန်းများစွာရှိသည့်ထဲ့မှ သင့်တစ်နေ့ တာအတွက် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတစ်ခုကို ယနေ့ မှစပြီး နှစ်တရာတိုင် စတင်လုပ်ဆောင်လိုက်ပါလို့ မောင်မန္တလေးမှ တိုက်တွန်းပြောကြားပါရစေ ။

လမ်းလျှောက်သည့်အခါတိုင်းတွင် လမ်းကို ခပ်ဆတ်ဆတ်လျှောက်ပြီး လက်ကို ဘယ်ညာလက်အားဖြင့် လွဲလျှောက်ပေးပါ။ခေတ္တနားသည့်အခါတိုင်းတွင် လေကိုအားရှိပါးရှိ ရှူသွင်းထုတ်လုပ်ပေးပါ ( လက်နှစ်ဖက်စုံလွဲပြီး ခြေဖျားထောက်သည့်အနေအထားဖြင့် လေကိုအရှူအသွင်းအထုတ်လုပ်ပေးပါ )။

ထိုင်ထလုပ်သည့်အခါတွင် ခါးအားကို အဓိက မထားဘဲ ပေါင်ကြွက်သားအားကို အားထားပြီး အထိုင်အထလုပ်ပေးပါ ။

ခေါင်းကို ဘယ်ညာလှည့်အောက်ဆိုက်နောက်လှန်လေ့ကျင့်ခန်းကို ဖြေးဖြေးလုပ်ဆောင်ပေးပါ ( ဇက်ချိုးသလို လုပ်ဆောင်ခြင်း လုံးဝ မလုပ်ဆောင်ရပါ )
ခါးအတွက် ဘယ်ညာလှည့်သည့်အခါတွင် ခါးကိုသာ အလှည့်ပြီးမှ ခေါင်းပိုင်းကိုနောက်မှသာ လိုက်လှည့်ရန်ဖြစ်ပါတယ် ။

အချိန်မအား မကစားသူများအတွက် တင်ပြသည့် ပေါ့ပေါ့ပါးပါး လှုပ်ရှားကျန်းမာရေးနည်းကို အနည်းဆုံး မိနစ် ၃၀ ဝန်းကျင်တော့ လုပ်ဆောင်ပေးခြင်းဖြင့် သင်ကျန်းမာရန်အတွက် အကျိုးတစ်ခု ရရှိစေသောကြောင့် ရေးသားအပ်ပါသည် ။
Credit to Mymandalay